အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်းအသုံးပြုစရိတ်ခွင့်ပြုငွေဖြင့်ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်း(၅)ခုအတွက် တင်ဒါဖွင့်ဖောက်စစ်ဆေးရွေးချယ်ခြင်းအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇွန်(၇)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့်ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်း(၅)ခုနှင့် ပုသိမ်ရေကူးကန်အတွက် Third Party QC team ငှားရမ်းခြင်းလုပ်ငန်းတစ်ခုအတွက် တင်ဒါတင်သွင်းသည့် ကုမ္ပဏီများ၏ အိတ်ဖွင့်တင်ဒါဖွင့်ဖောက်စစ်ဆေးခြင်း အခမ်းအနားကို နံနက်(၉)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ (C)တွင် ကျင်းပခဲ့သည်။

ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဗဟိုတင်ဒါကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှ အဖွင့်အမှာစကားပြောကြားရာတွင် တင်ဒါလုပ်ငန်းများကို စိစစ်ရွေးချယ်ရာတွင် နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်၊ နောက်ဆုံးထုတ်ပြန်ထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၏ ညွှန်ကြားချက်တို့နှင့်အညီ စိစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ တင်ဒါလုပ်ငန်းများအလိုက် ကြမ်းခင်းဈေးတွက်ချက်ရေးကော်မတီမှ ကြမ်းခင်းဈေးများအား သတ်မှတ်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ တင်ဒါ Lot လုပ်ငန်းများအလိုက် ကြမ်းခင်းဈေးဖွင့်ဖောက်စစ်ဆေးသွားမည်ဖြစ်ပြီး ကြမ်းခင်းဈေး အောင်မြင်သူများ ၏ Profile နှင့် Technical များကို သက်ဆိုင်ရာအဖွဲ့များက ဖွင့်ဖောက်စစ်ဆေးသွားမည် ဖြစ်ကြောင်း၊ Profile, Technical နှင့် ဈေးနှုန်းရမှတ်အများဆုံး ရရှိသူ(၃)ဦးကို တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီမှ ရွေးချယ်ပြီး ဝန်ကြီးဌာန EC ကိုတင်ပြကာ အတည်ပြုရွေးချယ်သွားမည်ဖြစ်ကြောင်း၊ ရေကူးကန် တည်ဆောက်ရေးလုပ်ငန်းမှာ အရေးကြီးလုပ်ငန်းဖြစ်ခြင်း၊ အားကစားသမားများနှင့် ပရိတ်သတ်များ ဘေးအန္တရာယ်ကင်းရှင်းရေးတို့ပါဝင်သည့်အတွက် အရည်အသွေးကောင်းမွန်သည့် ငွေကြေးခိုင်မာမှုရှိပြီး စိတ်ချရသည့်ကုမ္ပဏီများကို ဦးစားပေးရွေးချယ်သွားမည်ဖြစ်ကြောင်း၊ QC လုပ်ငန်းမှာ ကြမ်းခင်းသတ်မှတ်ထားခြင်းမရှိဘဲ နိုင်ငံတော်မှ သတ်မှတ်ထားသည့်နှုန်းထားအတိုင်း ခွင့်ပြုပေးသွားမည်ဖြစ်ပြီး၊ တင်ဒါရွေးချယ်ရာတွင်လည်း၊ အတွေ့အကြုံရှိပြီး၊ ခိုင်မာသည့်၊ စိတ်ချရသော ကုမ္ပဏီများကိုသာ ဦးစားပေးရွေးချယ် သွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက် ကြမ်းခင်းဈေးတွက်ချက်ရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးမှ ကြမ်းခင်းဈေးနှုန်းဖွင့်ဖောက်ကြေငြာခြင်း၊ Lot အလိုက် ကုမ္ပဏီများမှ တင်သွင်းလာသော အဆိုပြုဈေးနှုန်း စာအိတ်(B)များအား ဖွင့်ဖောက်ကြေငြာပြီးနောက် ကြမ်းခင်းဈေးအောင်မြင်သည့် ကုမ္ပဏီများ၏ စာအိတ်(A)အား ဖွင့်ဖောက်စစ်ဆေးခြင်း၊ ပုသိမ်ရေကူးကန်တည်ဆောက်ရေးလုပ်ငန်းအတွက် Third Party (QC) ဆောင်ရွက်မည့် ကုမ္ပဏီများ၏ အိတ်ဖွင့်တင်ဒါများအား ဖွင့်ဖောက်စစ်ဆေးပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဗဟိုတင်ဒါကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ကြမ်းခင်းဈေးတွက်ချက်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးနှင့် တာဝန်ရှိသူများ၊ တင်ဒါတင်သွင်းသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။