အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ် ၊ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုနည်းပြနှင့် ဒိုင်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ရန်ကုန်၊ သြဂုတ်လ (၂၇)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၃ ခုနှစ်၊ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုနည်းပြနှင့် ဒိုင်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် (၉)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ကျင်းပရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌများ၊ အမှုဆောင်များ ၊ သင်တန်းနည်းပြ ဆရာများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ သင်တန်းသူများ တက်ရောက်ကြပါသည်။

အစီအစဉ်အရ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်ရီရီဝင်းမှ သင်တန်းဆင်း အမှာစကားများပြောကြားပြီးနောက် သင်တန်းဆင်းလက်မှတ်ချီးမြှင့်ရာ သင်တန်းသူများကိုယ်စား တစ်ဦးမှ လက်ခံရယူခဲ့ပါသည်။

ထို့နောက် သင်တန်းထူးချွန်ဆုနှင့် နှစ်သိမ့်ဆုများ ချီးမြှင့်ရာ ပထမဆုရရှိသည့် ကသ-၃၈ မသျှားထက်နီ (ရန်ကုန်တိုင်းဒေသကြီး) ၊ ဒုတိယဆုရရှိသည့် ကသ-၇ မသင်းမြမြနှင်း (ကရင်ပြည်နယ်)နှင့် တတိယဆုရရှိသည့် ကသ-၁၅ မကေသွယ်နှင်း (တနင်္သာရီတိုင်းဒေသကြီး)တို့အား မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်ညို ကလည်းကောင်း၊ နှစ်သိမ့်ဆုရရှိသူများအား မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် အလုပ်အမှုဆောင် ဒေါ်ဂျနီဖာတင်လေး ကလည်းကောင်း ဆုများချီးမြှင့်ခဲ့ပါသည်။

ဆက်လက်၍ သင်တန်းကြီးကြပ်သူများနှင့် နည်းပြဆရာများအား မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်အေးအေးရွှေ က အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် သင်တန်းသူများက စုပေါင်းအားကစားသရုပ်ပြသခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်းသိရှိရသည်။