အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ် အိုလံပစ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ

နေပြည်တော်၊ ဇွန်(၃၀)။

၂၀၂၃ ခုနှစ်၊ အိုလံပစ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယနေ့နံနက်(၇)နာရီတွင် ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း၌ ပြေးခုန်ပစ်အားကစားနည်းမှ မီတာ ၈၀၀ (အမျိုးသား/အမျိူးသမီး) အပြေးပြိုင်ပွဲ၊ အလျားခုန် (အမျိုးသား/အမျိုးသမီး)၊ သံလုံးပစ်(အမျိုးသား/အမျိုးသမီး)၊ မီတာ ၁၀၀ (အမျိုးသား/ အမျိုးသမီး)၊ မီတာ ၁၀၀ x ၄ လက်ဆင့်ကမ်း (အမျိုးသား/အမျိုးသမီး)၊ မီတာ ၁၀၀ x ၄ လက်ဆင့်ကမ်း (အမျိုးသား+အမျိုးသမီး) ပြိုင်ပွဲများကို ကျင်းပခဲ့သည်။

မီတာ ၈၀၀ (အမျိုးသား) အပြေးပြိုင်ပွဲတွင် မောင်စီရမ်းပေါ့က ပထမ၊ မောင်ဖိုးချိုက ဒုတိယ၊ မောင်ထက်မြက်အောင်က တတိယဆုများကိုလည်းကောင်း၊ မီတာ ၈၀၀ (အမျိုးသမီး) အပြေးပြိုင်ပွဲတွင် မကိမ်ရှန်းဒိတ်ဆာန်က ပထမ၊ မနန်းချယ်ရီခမ်းက ဒုတိယနှင့် မသင်းသင်းခိုင်က တတိယဆုများကို လည်းကောင်း၊ အလျားခုန် (အမျိုးသား)ပြိုင်ပွဲတွင် မောင်ဝိုင်ထက်ပိုင်က ပထမ၊ မောင်သူရိန်ထွန်းက ဒုတိယ၊ မောင်ဝင်းမိုးအောင်က တတိယဆုများကိုလည်းကောင်း၊ အလျားခုန် (အမျိုးသမီး)ပြိုင်ပွဲတွင် မခိုင်သဇင်ဦးက ပထမ၊ မမိုးကလျာစိုးက ဒုတိယ၊ မသန္တာမြင့်က တတိယဆုများကိုလည်းကောင်း၊ မီတာ ၁၀၀ (အမျိုးသား) အပြေးပြိုင်ပွဲတွင် မောင်စီရမ်းပေါ့က ပထမ၊ မောင်ထက်ညီညီနိုင်က ဒုတိယ၊ မောင်ထက်မြက်အောင်က တတိယဆုများကိုလည်းကောင်း၊ မီတာ ၁၀၀ (အမျိုးသမီး) အပြေးပြိုင်ပွဲတွင် မကိမ်ရှန်းဒိတ်ဆာန်က ပထမ၊ မအိအိမိုးက ဒုတိယ၊ မအေးစန္ဒာက တတိယဆုများကိုလည်းကောင်း၊ သံလုံးပစ် (အမျိုးသား)ပြိုင်ပွဲတွင် မောင်ထက်ကောင်းဝေက ပထမ၊ မောင်ကောင်းထက်စံက ဒုတိယ၊ မောင်ဘီလိုင်ကြိုင်က တတိယဆုများကိုလည်းကောင်း၊ သံလုံးပစ်(အမျိုးသမီး) ပြိုင်ပွဲတွင် မနွယ်နွယ်စန်းဝင်းက ပထမ၊ မစုနန္ဒာမိုးက ဒုတိယ၊ မသူဇာခင်က တတိယဆုများကိုလည်းကောင်း၊ မီတာ ၁၀၀ x ၄ လက်ဆင့်ကမ်း (အမျိုးသား) အပြေးပြိုင်ပွဲတွင် မောင်ကောင်းထက်ဇော်နှင့်အဖွဲ့က ပထမ၊ မောင်ဝိုင်ထက်ပိုင်နှင့်အဖွဲ့က ဒုတိယ၊ မောင်တင်နိုင်ဝင်းနှင့်အဖွဲ့က တတိယဆုများကိုလည်းကောင်း၊ မီတာ ၁၀၀ x ၄ လက်ဆင့်ကမ်း (အမျိုးသမီး) အပြေးပြိုင်ပွဲတွင် မသန္တာမြင့်နှင့်အဖွဲ့က ပထမ၊ မကေဇင်ဖြိုးနှင့်အဖွဲ့က ဒုတိယ၊ မခိုင်သဇင်ဦး နှင့်အဖွဲ့က တတိယဆုများကိုလည်းကောင်း၊ မီတာ ၁၀၀ x ၄ လက်ဆင့်ကမ်း (အမျိုးသား+အမျိုးသမီး) အပြေးပြိုင်ပွဲတွင် မောင်စီရမ်းပေါ့နှင့်အဖွဲ့က ပထမ၊ မောင်တင်နိုင်ဝင်းနှင့်အဖွဲ့က ဒုတိယ၊ မောင်မြင့်မြတ်ဗိုလ် နှင့်အဖွဲ့က တတိယဆုများကိုလည်းကောင်း အသီးသီးရရှိခဲ့ကြသည်။

ထို့နောက် ပြိုင်ပွဲများအသီးသီးတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိခဲ့ကြသူများကို အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲများကို ကျင်းပခဲ့ရာ အုပ်စုပွဲစဉ်တွင် ပြိုင်ပွဲဝင် (Team A ၊ Team B ၊ Team C နှင့် Team D) အသင်း (၄) သင်းတို့ ယှဉ်ပြိုင်ကစား ခဲ့ကြရာ Team B မှ Team A ကို ၂ ပွဲ ၁ ပွဲဖြင့်လည်းအကောင်း၊ Team C မှ Team D ကို ၂ ပွဲ ၁ ပွဲဖြင့်လည်းအကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့ပြီး တတိယလုပွဲစဉ်တွင် Team A အသင်းက Team D အသင်းကို ၂ ပွဲပြတ်ဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲစဉ်တွင်  Team C အသင်းက Team B အသင်းကို ၂ ပွဲ ၁ ပွဲဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ  စတုတ္ထဆုရရှိသည့် Team D အသင်းကို အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးမှ လည်းကောင်း၊ တတိယဆုရရှိသည့် Team A အသင်းကို ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ လည်းကောင်း၊ ဒုတိယဆု ရရှိသည့် Team B အသင်းကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်းမှလည်းကောင်း၊ ပထမဆုရရှိသည့် Team C အသင်းကို အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။