အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲ ဆက်လက်ကျင်းပ

ရန်ကုန်၊ မေလ (၂၄)ရက်။

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲကို ယနေ့ နံနက်(၈)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး ၊ မင်္ဂလာတောင်ညွန့်မြို့နယ် ၊ သိမ်ဖြူတင်းနစ်ကွင်း၌ ဆက်လက်ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဒိုင်လူကြီးများ၊ တင်းနစ်အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးကြသည်။

ယနေ့ နံနက်(၈)နာရီမှစ၍ အမျိုးသားအသင်းလိုက်ပြိုင်ပွဲများတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို ( ၃ : ၀ )ဖြင့်လည်းကောင်း ၊ နေပြည်တော်အသင်းက မွန်ပြည်နယ်အသင်းကို (၂:၁)ဖြင့်လည်းကောင်း၊ ဧရာဝတီ တိုင်းဒေသကြီးက ကရင်ပြည်နယ်အသင်းကို(၂ : ၁)ဖြင့်လည်းကောင်း ၊ ပဲခူးတိုင်းဒေသကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို ( ၃: ၀)ဖြင့်လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအသင်းက ရခိုင်ပြည်နယ်အသင်းကို ( ၂ : ၁ )ဖြင့်လည်းကောင်း ၊ မန္တလေးတိုင်းဒေသကြီးအသင်းက ကယားပြည်နယ်အသင်းကို( ၃ :၀ )ဖြင့်လည်းကောင်း၊ ကချင်းပြည်နယ်အသင်းက ချင်းပြည်နယ်အသင်းကို(၂း၁)ဖြင့်လည်ကောင်း အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲများတွင် ဧရာဝတီတိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို ( ၂ : ၁ )ဖြင့်လည်းကောင်း ၊ ချင်းပြည်နယ်အသင်းက၊ ကရင်ပြည်နယ်အသင်းကို ( ၂ : ၁ )ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက၊ ချင်ပြည်နယ်အသင်းကို (၂ : ၁ )ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိသွားသည်။

ထို့နောက် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲများတွင် ဆယ်လျန်ဖူး (ချင်းပြည်နယ်)က ဧညရီ(ကယားပြည်နယ်)ကို ( ၂ : ၀ )ဖြင့်လည်းကောင်း ၊ သီဟမျိုးဝင်း (စစ်ကိုင်းတိုင်းဒေသကြီး)က ဆန်းစွန်ခွန်နောင် (ကချင်ပြည်နယ်)ကို ( ၂ : ၀ ) ဖြင့်လည်းကောင်း ၊ ဝင်မျိုးကျော် (တနင်္သာရီတိုင်းဒေသကြီး)က စိုင်းဟန်မျိုးအောင်(ကရင်ပြည်နယ်)ကို ( ၂ : ၀ )ဖြင့်လည်းကောင်း ၊ မြတ်နိုးအောင် (ရန်ကုန်တိုင်းဒေသကြီး)က ဖီဆာဆဲ(ပဲခူးတိုင်းဒေသကြီး)ကို (၂ : ၀)ဖြင့်လည်းကောင်း ၊ ဝေအောင်စိုး(ရှမ်းပြည်နယ်)က အောင်သော်ခန့်(ရန်ကုန်တိုင်းဒေသကြီး )ကို ( ၂ :၀ )ဖြင့်လည်းကောင်း၊ ဒါဝူ(ပဲခူးတိုင်းဒေသကြီး) က ဇော်မွန်းအောင် (ကချင်ပြည်နယ်)ကို ( ၂ : ၀ )ဖြင့်လည်းကောင်း ၊ လင်းပြည့်အောင် (တနင်္သာရီတိုင်းဒေသကြီး)က တောင်ရှန်ကုတ်(ချင်းပြည်နယ်)ကို ( ၂: ၀)ဖြင့်လည်းကောင်း၊ ဇော်မင်းသူ (ဧရာဝတီတိုင်းဒေသကြီး)က ညီသက်ပိုင် (နေပြည်တော်)ကို ( ၂ :၀ )ဖြင့်လည်းကောင်း ၊ အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲများတွင် ဝုန်ရှန်ကွေး (ချင်းပြည်နယ်)က ဝင်းရွှေရည်(နေပြည်တော်)ကို ( ၂ : ၀)ဖြင့်လည်းကောင်း၊ အိဖြူ (မန္တလေးတိုင်းဒေသကြီး)က မီမီခိုင်(တနသာ်ရီတိုင်းဒေသကြီး)ကို ( ၂: ၀ ) ဖြင့်လည်းကောင်း၊ ကျိန်ထူးမန် (ချင်းပြည်နယ်)က ခင်နန္ဒာဇော်(ရှမ်းပြည်နယ်)ကို ( ၂: ၀) ဖြင့်လည်းကောင်း ၊ ဆုရတီ (ရန်ကုန်တိုင်းဒေသကြီး)က ဟေမာန်ဆောင်း (ဧရာဝတီတိုင်းဒေသကြီး)ကို ( ၂ : ၀)ဖြင့်လည်းကောင်း ၊ ဗိုလ်လီယံ (ကချင်ပြည်နယ်)က ဆုပြည့်မိုး(မွန်ပြည်နယ်)ကို( ၂: ၀)ဖြင့်လည်းကောင်း၊ မြတ်သိမ်မွေ့ (ဧရာဝတီတိုင်းဒေသကြီး)က ဂရေ့နော့ဆိုင် (ကချင်ပြည်နယ်)ကို (၂ : ၀ ) ဖြင့်လည်းကောင်း ၊ အေးအေးနွယ် (ပဲခူးတိုင်းဒေသကြီး)က ကြယ်စင်လင်းလက်အောင် (တနင်္သာရီတိုင်းဒေသကြီး)ကို (၂ :၀ ) ဖြင့်လည်းကောင်း ၊ ထက်ပြည့်သဇင် (မန္တလေးတိုင်းဒေသကြီး)က ချစ်စန္ဒီနိုင် (ရှမ်းပြည်နယ်)ကို ( ၂ : ၀) ဖြင့် လည်းကောင်း အသီးသီးယှဉ်ပြိုင် အနိုင်ရရှိခဲ့ကြသည်။

ဆက်လက်၍ မေလ(၂၅)ရက်နေ့ ပြိုင်ပွဲအနိုင်/အရှုံးများကို ဖော်ပြသွားမည်ဖြစ်ပြီး ပွဲစဉ်များကို (၂၈.၅.၂၀၂၃) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မည်သူမဆိုအခမဲ့ ဝင်ရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရှိရသည်။