အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်)  အသက်(၁၈)နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ်ကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ (၁၈)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) အသက်(၁၈)နှစ်အောက် (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ်ကို ယနေ့ မွန်းလွဲ (၃)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသော ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ Jeng Phang နော်တောင်၊ ဒေါက်တာဗညားအောင်မိုး၊ ကာကွယ်ရေဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာမျိုးသန့်နှင့်ဇနီး၊ ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဘောလုံးအားကစား ဝါသနာရှင်များ တက်ရောက် ကြည့်ရှုအားပေးခဲ့သည်။

ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ အသက်(၁၈)နှစ်အောက်  (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ်အဖြစ် ဧရာဝတီတိုင်းဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို (၅)ဂိုး၊ ဂိုးမရှိဖြင့် ယှဉ်ပြိုင်အနိုင်ရရှိခဲ့ပြီး တတိယ ရရှိခဲ့သည်။  

(19.12.2022)ရက်နေ့တွင် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ မွန်းလွဲ (၃)နာရီမှ စတင်၍ အသက်(၁၈)နှစ်အောက်  (အမျိုးသမီး)ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ရှမ်းပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်၍ ဘောလုံးအားကစားနည်း ကို စိတ်ပါဝင်စားသည့် အားကစားဝါသနာရှင်များအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။