အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး(အလွတ်တန်းဖိတ်ခေါ်) U-18(အမျိုးသမီး) ဘောလုံးပြိုင်ပွဲကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ (၆)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား  ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) U – 18 (အမျိုးသမီး)ဘောလုံးပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ (၃)နာရီတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ယမန်နေ့ U – 18 (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ဧရာဝတီတိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို (၁၃)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်အသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ကချင်ပြည်နယ်အသင်းက ကရင်ပြည်နယ် အသင်းကို (၃)ဂိုး၊ (၂)ဂိုးဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြပါသည်။ ယနေ့(၆.၁၂.၂၀၂၂)ရက်နေ့တွင် မွန်းလွဲ(၃)နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေး ကွင်းအမှတ်(၁)၌ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ မွန်ပြည်နယ်အသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ ဆက်လက် ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်၍ ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားသည့် မိဘပြည်သူများ အနေဖြင့် အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိပါသည်။