အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) ဘော်လီဘော (ကျား/မ)ပြိုင်ပွဲကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ (၆)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး(အလွတ်တန်းဖိတ်ခေါ်) ဘော်လီဘော(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲကို ယမန်နေ့ နံနက်(၉)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ယမန်နေ့ ဘော်လီဘော(အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မန္တလေးတိုင်းဒေသကြီးအသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပဲခူးတိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များအဖြစ်  ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ကရင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ကရင်ပြည်နယ်အသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို (၃)ပွဲပြတ်ဖြင့် လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းနှင့် ရခိုင်ပြည်နယ်တို့အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ရှမ်းပြည်နယ်အသင်းက ရခိုင်ပြည်နယ်အသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပဲခူးတိုင်းဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို (၃)ပွဲ(၁)ပွဲဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ကယားပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မန္တလေးတိုင်းဒေသကြီးအသင်းက ကယားပြည်နယ် အသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြပါသည်။

ယနေ့(၆.၁၂.၂၀၂၂)ရက်နေ့တွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ နံနက်(၈)နာရီမှ စတင်၍ ဘော်လီဘော(အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ရှမ်းပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ မကွေးတိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်း၊ ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် ချင်းပြည်နယ်အသင်း၊ မွန်ပြည်နယ်အသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ရခိုင်ပြည်နယ်အသင်း၊ ကရင်ပြည်နယ်အသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစား သွားကြမည်ဖြစ်၍ ဘော်လီဘောအားကစားနည်းကို စိတ်ပါဝင်စားသည့် မိဘပြည်သူများအနေဖြင့် အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိပါသည်။