အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) မြန်မာ့သိုင်းပြိုင်ပွဲ ပွဲစဉ်များ ကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ (၃၁)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး(အလွတ်တန်းဖိတ်ခေါ်) မြန်မာ့သိုင်းပြိုင်ပွဲ ပွဲစဉ်များကို ယမန်နေ့နံနက်(၉)နာရီမှစတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပခဲ့သည်။

ဒီဇင်ဘာလ(၃၀)ရက်နေ့ မြန်မာ့သိုင်းပြိုင်ပွဲ ဓါးအတိုက်ပွဲစဉ်များအဖြစ် (၄၀-၄၅)ကီလို ဓါး(၁)လက် (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ ၊ (၄၅-၅၀)ကီလို ဓါး(၁)လက်၊ ဓါး(၂)လက် (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ၊ (၅၀-၅၅)ကီလို ဓါး(၁)လက်၊ ဓါး(၂)လက် (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ၊ (၅၅-၆၀)ကီလို ဓါး(၂)လက် (အမျိုးသား) ပြိုင်ပွဲ၊ ဗန်တိုပွဲစဉ်များအဖြစ်  (၄၅-၄၉)ကီလို  (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ၊ (၄၉-၅၃)ကီလို  (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ၊ (၅၃-၅၇)ကီလို(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ၊ (၅၇-၆၁)ကီလို  (အမျိုးသား/ အမျိုးသမီး)ပြိုင်ပွဲ၊ (၆၁-၆၅)ကီလို(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ၊ (၆၅-၆၉)ကီလို(အမျိုးသား)ပြိုင်ပွဲများကို အသီးသီး ယှဉ်ပြိုင်ကစားခဲ့ကြသည်။

၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့ နံနက်(၉)နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)၌ ပြည်နယ်နှင့်တိုင်းဒေသကြီး(အလွတ်တန်းဖိတ်ခေါ်) မြန်မာ့သိုင်းပြိုင်ပွဲ ဓါးအတိုက်နှင့် ဗန်တိုပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပသွားမည်ဖြစ်၍ အားကစားဝါသနာရှင်များအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။