အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) မြန်မာ့သိုင်းပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ (၁)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး(အလွတ်တန်းဖိတ်ခေါ်) မြန်မာ့သိုင်းပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်(၉)နာရီမှစတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် Jeng Phang နော်တောင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ (အမျိုးသား/ အမျိုးသမီး) ဝိတ်တန်းအလိုက် ဗန်တိုအတိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယဆု ရရှိခဲ့ကြသူများကို မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်မှ ဒိုင်ဆရာကြီးများနှင့် သိုင်းပညာရှင်ဆရာကြီးများကလည်းကောင်း၊ အမျိုးသမီး(၄၉-၅၃)ကီလိုတန်းပြိုင်ပွဲနှင့် အမျိုးသား/အမျိုသမီး (၄၅-၅၀)ကီလို ဓါး(၁)လက် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယဆုရရှိခဲ့ကြသူများကို မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်ခင်လေးမွန်ကလည်းကောင်း၊ အမျိုးသား/အမျိုသမီး (၄၀-၄၅)ကီလို ဓါး (၁)လက်ပြိုင်ပွဲနှင့် (အမျိုးသမီး)တစ်ကိုယ်တော်လှံရှည်စွမ်းရည်ပြပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယဆုရရှိခဲ့ကြသူများကို အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးကလည်းကောင်း၊ (အမျိုးသား/အမျိုးသမီး) တစ်ကိုယ်တော် တုတ်ရှည်စွမ်းရည်ပြပြိုင်ပွဲနှင့် (အမျိုးသား)တစ်ကိုယ်တော်လှံရှည်စွမ်းရည်ပြပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိခဲ့ကြသူများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်းကလည်းကောင်း၊ အမျိုးသား(၄၉-၅၃)ကီလို ဗန်တိုအတိုက်ပြိုင်ပွဲနှင့် (အမျိုးသား/အမျိုးသမီး) တစ်ကိုယ်တော်ဓါး(၁)လက်၊ ဓါး(၂)လက် စွမ်းရည်ပြပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယဆုရရှိခဲ့ကြသူများကို အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးကလည်းကောင်း၊ (အမျိုးသား/ အမျိုးသမီး) ဝိတ်တန်းအလိုက် ဗန်တိုအတိုက်ပြိုင်ပွဲနှင့် အမျိုးသား (၄၅-၅၀)ကီလို ဓါး(၁)လက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယဆုရရှိခဲ့ကြသူများကို မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရဲမြင့်ကလည်းကောင်း၊ (အမျိုးသား/အမျိုးသမီး) တစ်ကိုယ်တော် လက်သိုင်းစွမ်းရည်ပြပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိခဲ့ကြသူများနှင့် (အမျိုးသား/အမျိုးသမီး) ဓါးအတိုက်ပြိုင်ပွဲတွင် အကောင်းဆုံးအားကစားသမားဆုရရှိသည့် အောင်ပြည့်သူ(ရန်ကုန်)နှင့် လဲ့လဲ့ဝင်း(ရှမ်း)၊ (အမျိုးသား/အမျိုးသမီး) လက်သိုင်းပြိုင်ပွဲတွင် တစ်ကိုယ်တော်လက်သိုင်းပြိုင်ပွဲတွင် အကောင်းဆုံးအားကစားသမားဆုရရှိခဲ့ကြသည့် စံလင်း(ဧရာဝတီ)နှင့် မာရီနာ(ရန်ကုန်)တို့ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က တစ်ဦးချင်းဆုဆွဲပြား၊ ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ ရွှေ(၄)ခု၊ ငွေ(၄)ခု၊ ကြေး(၂)ခုတို့ဖြင့် အမျိုးသားတံခွန်စိုက်ဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ရွှေ(၅) ခု၊ ငွေ(၅)၊ ကြေး(၂)ခုတို့ဖြင့် အမျိုးသမီးတံခွန်စိုက်ဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်း တို့အား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံကလည်းကောင်း၊ ရွှေ(၇)ခု၊ ငွေ(၉)ခု၊ ကြေး(၄)ခုတို့ဖြင့် စုပေါင်းတံခွန်စိုက်ဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်ကလည်းကောင်း တံခွန်စိုက်ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပလျက်ရှိသည့် ၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး(အလွတ်တန်းဖိတ်ခေါ်) ပြေးခုန်ပစ်ပြိုင်ပွဲ ပထမနေ့နှင့် ဒုတိယနေ့ ပွဲစဉ်များတွင် (အမျိုးသား) သံပြားဝိုင်းပစ် နှင့် (အမျိုးသမီး)မီတာ ၁ဝဝဝဝ ပြိုင်ပွဲအမျိုးအစားများ၌ဆုရရှိကြသူများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်ကလည်းကောင်း၊ (အမျိုးသား)မီတာ ၁ဝဝဝဝ၊ အမျိုးသား(၂၀)ကီလိုမီတာလမ်းလျှောက်၊ အမျိုးသမီး (၁၀)ကီလိုမီတာလမ်းလျှောက်နှင့် (အမျိုးသား/အမျိုးသမီး)ကြိုးတပ်သံလုံးပစ်ပြိုင်ပွဲအမျိုးအစားများတွင် ဆုရရှိကြသူများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံကလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။