အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကျင်းပ

နေပြည်တော်၊ ဇွန်(၂၆)။

၂၀၂၃ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်ပရိတ်သတ်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ယနေ့အုပ်စုပြိုင်ပွဲ ပွဲစဉ်များအဖြစ် နံနက်(၇)နာရီခွဲအချိန်တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းက နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းကို (၂)ဂိုး (၀)ဂိုးဖြင့်လည်းကောင်း၊ မွန်းလွဲ (၃)နာရီခွဲအချိန်တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းက ကျန်းမာရေးဝန်ကြီးဌာနအသင်းကို (၁)ဂိုး (၀)ဂိုးဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ကြောင်း သိရသည်။