အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက်အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲများ ဇုန်အလိုက် ဆက်လက်ကျင်းပ

ရှမ်းပြည်နယ်အမျိုးသမီးဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး ၊ ပြည်နယ်အတွင်းရှိဒေသခံတိုင်းရင်းသားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရှိစေရေး ၊ မျိုးဆက်သစ်ရွက်ပုန်းသီးအားကစားသမားများ ပေါ်ထွက်လာစေရေးတို့ကိုရည်ရွယ်ကာ ၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက် (၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲများကို ၂၃.၆.၂၀၂၃ ရက်နေ့ မှစတင်၍ ပြည်နယ်အားကစားကွင်း ၊ အား/ကာ(သိပ္ပံ)အားကစားကွင်းတို့၌ ဇုန်(၂)ဇုန်ခွဲ၍ကျင်းပပြုလုပ်ခဲ့ရာ ယနေ့ပွဲစဥ်များအဖြစ် မွန်းလွဲ(၁၄:၀၀)နာရီအချိန်တွင် ပင်လောင်းမြို့နယ်သင်း နှင့် ဖယ်ခုံမြို့နယ်အသင်း ၊ ညနေ(၁၆:၀၀)နာရီအချိန်တွင် ကျိုင်းတုံမြို့နယ်အသင်း နှင့် လွိုင်လင်မြို့နယ်အသင်းတို့သည် ပြည်နယ်အားကစားကွင်း၌လည်းကောင်း ၊ မွန်းလွဲ(၁၄း၃၀)နာရီအချိန်တွင် ရွာငံမြို့နယ်သင်း နှင့် သီပေါမြို့နယ်အသင်း ၊ ညနေ(၁၆း၀၀)နာရီအချိန်တွင် နမ္မတူမြို့နယ်အသင်း နှင့် ညောင်ရွှေမြို့နယ်အသင်းတို့သည် အား/ကာသိပ္ပံအားကစားကွင်း၌လည်းကောင်း အသီးသီးယှဥ်ပြိုင်ကစားခဲ့ကြပြီး အဆိုပါပြိုင်ပွဲကို ရှမ်းပြည်နယ်အတွင်းရှိမြို့နယ် (၂၈)မြို့နယ်မှ အားကစားသမားအင်အား စုစုပေါင်း (၅၀၄)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲကို (၂၃.၆.၂၀၂၃)ရက်နေ့မှ(၁၁.၇.၂၀၂၃)ရက်နေ့အထိ ပြည်နယ်အားကစားကွင်း နှင့် အား/ကာသိပ္ပံအားကစားကွင်းတို့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ရှမ်းပြည်နယ်အတွင်းရှိ ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရှိရပါသည်။