အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အမျိုးသား/အမျိုးသမီး ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲဆုချီးမြှင့်ပွဲကျင်းပ

တောင်ကြီး၊ ဇွန်(၁၂)။

၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့်ခရိုင်များအလိုက် အမျိုးသား/အမျိုးသမီး ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲဆုချီးမြှင့်ပွဲကို ဇွန်(၁၂) ညနေ(၃)နာရီခွဲက တောင်ကြီးမြို့ပြည်နယ်‌လေ့ကျင့်ရေးရုံ၌ကျင်းပသည်။

ဆုချီးမြှင့်ပွဲတွင်နောက်ဆုံး အမျိုးသမီးဗိုလ်လုပွဲအဖြစ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်းနှင့် တောင်ကြီးခရိုင်အသင်းတို့ယှဥ်ပြိုင်ကစားနေမှု၊ အမျိုးသားဗိုလ်လုပွဲအဖြစ် တာချီလိတ်ခရိုင်အသင်းနှင့် တောင်ကြီးခရိုင်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးခွန်ရဲထွေး၊ ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများနှင့် နည်းပြများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များအားကစားဝါသနာရှင်များကကြည့်ရှုအားပေးကြပြီး အမျိုးသမီးအသင်းမှ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်း၊ အမျိုးသားအသင်းမှ တောင်ကြီးခရိုင်အသင်းတို့မှ အနိုင်ရရှိကြောင်းသိရသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ ပွဲစဉ်တလျှောက်အကောင်းဆုံးဆု၊ ဂိုးသမားအကောင်းဆုံးဆုရရှိသူများအား ဆုတံဆိပ်နှင့်ငွေသားကျပ်တစ်သိန်းစီကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌမှလည်းကောင်း၊ အမျိုးသမီးပြိုင်ပွဲတွင် ဒုတိယဆုရရှိသော တောင်ကြီးခရိုင်အသင်းအားတစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၃)သိန်းနှင့် ပထမဆုရရှိသော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုကျပ်(၅)သိန်းကို ပြည်နယ်ဥပဒေချုပ်မှ လည်းကောင်း၊ အမျိုးသားပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသော ကျိုးတုံခရိုင်အသင်းနှင့် လားရှိုးခရိုင်အသင်းတို့ကိုတစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုကျပ်(၄)သိန်းကို ပြည်နယ်တိုင်းရင်းသားရေးဝန်ကြီးမှလည်းကောင်း ဆုများချီးမြှင်‌ပေး၍ လည်းကောင်း၊ ဒုတိယဆုရရှိသော ‌တာချီလိတ်ခရိုင်အသင်းအားတစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုကျပ်(၆)သိန်းကို ပြည်နယ်သယံဇာတရေးရာဝန်ကြီးမှလည်းကောင်း၊ ပထမဆုရရှိသော တောင်ကြီးခရိုင်အသင်းအားတစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုကျပ်(၈)သိန်းကို ပြည်နယ်လူမှုရေးရာဝန်ကြီးတို့ကဆုချီးမြှင့်ပေးကြသည်။

၎င်းနောက် အမျိုးသမီးပထမဆုဖလားနှင့် အမျိုးသားပထမဆုဖလားကို ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင် ကချီးမြှင့်ပေးကြောင်းသိရှိရပါသည်။