အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများနှင့် ခရိုင်အလိုက် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲကျင်းပ

တောင်ကြီး၊ မေလ(၁၈)ရက်။

၂၀၂၃ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်အလိုက်အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို မေ(၁၈)ညနေ(၃)နာရီခွဲက တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ကျင်းပသည်။

ဆုချီးမြှင့်ပွဲတွင် နောက်ဆုံးဗိုလ်လုပွဲအဖြစ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်းနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအသင်းတို့ယှဉ်ပြိုင်ကစားနေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးကြပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်းမှ အနိုင်ရရှိကြောင်းသိရသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာပူးတွဲတတိယဆုရရှိသော တောင်ကြီးခရိုင်အသင်းနှင့် တာချီလိတ်အသင်းတို့ကို တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုကျပ်(၅)သိန်းကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဥပဒေချုပ်၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့ကဆုများချီးမြှင့်ပေး၍လည်းကောင်း၊ ဒုတိယဆုရရှိသောဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်းအားတစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုကျပ်(၈)သိန်းတို့ကို ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်သယံဇတရေးရာဝန်ကြီးတို့က ဆုချီးမြှင့်ပေးကြကြောင်းသိရသည်။

ထို့နောက် အကောင်းဆုံးဆုရအားကစားသမားများအား ဆုချီးမြှင့်ရာအကောင်းဆုံးဂိုးသမားဆု၊ နောက်တန်းအကောင်းဆုံးဆု၊အလယ်တန်းအကောင်းဆုံးဆု၊ရှေ့တန်းအကောင်းဆုံးဆု၊ အကောင်းဆုံးအားကစားသမားဆုရရှိသူများအား ဆုတံဆိပ်နှင့်ငွေသားကျပ်တစ်သိန်းစီကို ပြည်နယ်လုံခြုံရေးရာနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်တို့ကဆုချီးမြှင့်ပေးကြသည်။

၎င်းနောက်ပထမဆုရရှိသော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားကျပ်(၁၀)သိန်း၊ ပထမဆုဖလားကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေးက ချီးမြှင့်ပေးကြောင်းသိရှိရသည်။