အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့ နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်နိုင်ရန် အကြိုညှိနှိုင်းအစည်း အဝေးပြုလုပ်

တောင်ကြီးမြို့၊ ဖေဖော်ဝါရီ (၁၄)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၏ လမ်းညွှန်မှုများနှင့်အတူ တောင်ကြီးခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ တောင်ကြီးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်မည့် ၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့ နွေရာသီအခြေခံအားကစားသင်တန်းများအား ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော အမိန့်များနှင့်အတူ ကိုဗစ်-၁၉ စည်းမျဉ်း/စည်းကမ်းများအတိုင်း ၁.၃.၂၀၂၃ ရက်နေ့မှ ၃၁.၃.၂၀၂၃ ရက်နေ့ထိ ဖွင့်လှစ်သွားနိုင်ရန် အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လည် (၁:၀၀)နာရီအချိန်တွင် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအကြိုညှိနှိုင်းအစည်းအဝေးသို့ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်မေရီမိုး၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန တာဝန်ခံ ဦးစူးညီညီသိန်းဝင်းနှင့် အားကစားနည်းအလိုက်ဆပ်ကော်မတီ တာဝန်ခံသင်တန်းနည်းပြဆရာ/ဆရာမများမှ ခရိုင်နှင့်မြို့နယ်များမှ သင်တန်းများကို ကြီးကြပ်နိုင်ရန် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး အဆိုပါသင်တန်းတွင် ဖွင့်လှစ်သင်ကြားမည့်အားကစားနည်းများအနေဖြင့် ထပ်တိုးအားကစားနည်းများအပါအဝင် ( ၁။ ဘောလုံး ၊ ၂။ ဘော်လီဘော၊ ၃။ ဘတ်စကက်ဘော၊ ၄။ ပိုက်ကျော်ခြင်း၊ ၅။ ရိုးရာခြင်း ၊ ၆။ တိုက်ကွမ်ဒို၊ ၇။ ကရာတေးဒို(ရှိုတိုကန်) / (ကျို့ခ်ရှင်း)၊ ၈။ ဘိလိယက်/စနူကာ၊ ၉။ စားပွဲတင်တင်းနစ်၊ ၁၀။ တင်းနစ်၊ ၁၁။ အေရိုးဗစ် / Fitness Dance၊ ၁၂။ မြန်မာ့သိုင်း၊ ၁၃။ ကြက်တောင်၊ ၁၄။ ဂျူဒို ၊ ၁၅။ လက်ဝှေ့၊ ၁၆။ ပြေးခုန်ပစ်၊ ၁၇။ စစ်တုရင်၊ ၁၈။ ဝူရှူး) စုစုပေါင်း အားကစားနည်း (၁၈) နည်းဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့် ရှေးဦးစွာ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးမှ အဖွင့်မိတ်ဆက်အမှာစကားပြောကြားခဲ့ပြီး သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ယခင်အစည်းအဝေးပြောကြားခဲ့ပြီးဖြစ်ရာ ရှမ်းပြည်နယ်အတွင်းရှိအားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် အားကစားကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ပြီး ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ယခုအစည်းအဝေးမှာ သင်တန်းအချိန်ဇယားညှိနှိုင်းဆွေးနွေးခြင်း၊ လူဦးရေကန့်သတ်ခြင်းများ၊ သင်တန်းစည်းမျဉ်း/စည်းကမ်းများနှင့် ထပ်တိုးအားကစားနည်းများကိုအချိန်ညှိနှိုင်းဖြည့်စွက်ခြင်းများနှင့် လုံခြုံရေးသတိများဖြင့်ဆောင်ရွက်သွားကြရန် အစရှိသည်များကိုပြောကြားသွားပါကြောင်း သိရှိရပါသည်။

ရုံးချိန်အတွင်းဆက်သွယ်စုံစမ်းနိုင်ရန်

ခရိုင်အား/ကာ ၀၈၁- ၂၀၁၄၉၁

မြို့နယ်အား/ကာ ၀၈၁ – ၂၁၂၄၈၆၉