အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ အာရှဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူပေါင်းဖွင့်လှစ်သည့် AFC Futsal Coaching Certificate Course Level 1 (ဖူဆယ်နည်းပြဆရာသင်တန်း)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

တောင်ကြီးမြို့၊ ဇန်နဝါရီလ(၂၈)ရက်။

၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ အာရှဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူပေါင်းဖွင့်လှစ်သည့် AFC Futsal Coaching Certificate Course Level 1 (ဖူဆယ်နည်းပြဆရာသင်တန်း)သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ညနေ (၁၆:၀၀) အချိန်တွင် တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံတွင် ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ရှမ်းပြည်နယ် ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ ပြည်နယ်ဘောလုံးဆပ်ကော်မတီဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ရှမ်းပြည်နယ် ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းမှ သင်တန်း ဆင်းအမှာစကားပြောကြားခဲ့ပါသည်။

ထို့နောက် သင်တန်းနည်းပြများမှ အမှာစကားပြောကြားပြီး တက်ရောက်လာသော ဧည့်သည်တော်များနှင့် သင်တန်းနည်းပြများမှ သင်တန်းသားများအားသင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသတင်းရရှိပါသည်။