အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီး‌ဘောလုံးပြိုင်ပွဲ(ကွာတားဖိုင်နယ်)ပွဲစဉ်များ ဆက်လက်ကျင်းပ

တောင်ကြီး၊ စက်တင်ဘာလ(၃)ရက်။

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီး‌ဘောလုံးပြိုင်ပွဲ(ကွာတားဖိုင်နယ်)(၂-၉-၂၀၂၃)ရက်နေ့ ပွဲစဉ်များတွင် ကရင်ပြည်နယ်အသင်းက ကချင်ပြည်နယ် အသင်းကို(၃)ဂိုး (၂)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို (‌၄)ဂိုး (၂)ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး အကောင်းဆုံးအားကစားသမားဆုများကို ကရင်ပြည်နယ်အသင်းမှ ကျောနံပါတ်(၁၃) နန်းသန်းမြင့်စန်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ကျောနံပါတ်(၁၇) မေဂျူလှိုင်တို့ ရရှိခဲ့ကြသည်။

(၃.၉.၂၀၂၃)ရက်နေ့ ပွဲစဉ်များအဖြစ် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့က ပြည်နယ်အားကစားကွင်းတွင် လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် နေပြည်တော်တိုင်းဒေသကြီးအသင်းတို့က တောင်ကြီးတက္ကသိုလ်အားကစားကွင်းတွင် လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားခဲ့ကြသည်။

ထိုသို့ယှဉ်ပြိုင်ကစားခဲ့ရာတွင် ရှမ်းပြည်နယ်အသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို (၂)ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအသင်းက နေပြည်တော်တိုင်းဒေသကြီးအသင်းကို (‌၂)ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး အကောင်းဆုံးအားကစားသမားဆုများကို ဧရာဝတီတိုင်းဒေသကြီးအသင်းမှ ကျောနံပါတ်(၅) မဖူးဖူးခင်ကျော်တို့ ရရှိခဲ့ကြသည်။

အဆိုပါ အကောင်းဆုံးအားကစားသမားဆုများရရှိခဲ့ကြသည့် အားကစားသမားများအား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြား‌ရေးမှူး ဦးဇော်မိုးမောင်တို့က ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်းသတင်းရရှိပါသည်။

(၅.၉.၂၀၂၃)ရက်နေ့တွင် ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် ကရင်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့က ပြည်နယ်အားကစားကွင်းတွင်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့က တောင်ကြီးတက္ကသိုလ် အားကစားကွင်းတွင်လည်းကောင်း ဆက်လက်ယှဉ်ပြိုင်ကစား‌ကြမည်ဖြစ်ကြောင်း သိရှိရပါသည်။