အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီး‌ဘောလုံးပြိုင်ပွဲများ ဆက်လက်ကျင်းပ

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီး‌ဘောလုံးပြိုင်ပွဲများကို ဆက်လက်ကျင်းပလျက်ရှိရာ ပြည်နယ်အားကစားကွင်းတွင် ရခိုင်ပြည်နယ်အသင်းနှင့် နေပြည်တော်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ (၁)ဂိုး (၀)ဖြင့် နေပြည်တော်အသင်းမှ အနိုင်ရရှိခဲ့ပြီး အကောင်းဆုံးကစားသမားဆုကို နေပြည်‌တော်အသင်းမှ ကျောနံပါတ် (၇) ကေသွယ်ဖြိုးဦးမှ ရရှိခဲ့ပြီး အမျိုးသမီးအားကစားဆပ်ကော်မတီ ဥက္ကဌ ဒေါ်ဥမ္မာနေထွန်းမှလည်းကောင်း၊ တောင်ကြီးတက္ကသိုလ်ကွင်းတွင် ကယားပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ (၃)ဂိုး (၀)ဖြင့် ရန်ကုန်တိုင်းအသင်းမှ အနိုင်ရရှိခဲ့ပြီး အကောင်းဆုံးအားကစားသမားဆုကို ရန်ကုန်တိုင်းအသင်းမှ ကျောနံပါတ်(၈) ယဉ်မင်းဖြူမှ ရရှိခဲ့ပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လက်ထောက်ညွှန်ကြားရေးမှူးမှလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။

(၂၅.၈.၂၀၂၃)ရက်နေ့ ပွဲစဉ်များအဖြစ် ကချင်ပြည်နယ်အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့သည် ( ပြည်နယ်ကွင်း) ၌လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီး အသင်းတို့သည် (တောင်ကြီးတက္ကသိုလ်ကွင်း) ၌လည်းကောင်း ယှဉ်ပြိုင်ကစား‌သွားကြမည်ဖြစ်ကြောင်း သိရှိရပါသည်။