အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇွန်(၂)။

တိုင်းရင်းသားလူမျိုးများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရေး၊ ကျန်းမာကြံ့ခိုင်သော မျိုးဆက်သစ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ပြေးခုန်ပစ် မျိုးဆက်သစ် အားကစားသမားများပေါ်ထွက်လာစေရေးတို့ကို ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး  အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲများကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ကျင်းပလျက်ရှိရာ ယမန်နေ့က ညနေပိုင်းပွဲစဉ်များအဖြစ် မီတာ ၄၀၀x၄ လက်ဆင့်ကမ်း (အမျိုးသား/ အမျိုးသမီး)၊ လှံတံပစ်(အမျိုးသား/အမျိုးသမီး)၊ တန်းမြင့်ခုန်(အမျိုးသမီး)၊ မီတာ ၁၀၀ (အမျိုးသား/ အမျိုးသမီး)၊ မီတာ ၁၅၀၀ (အမျိုးသား/အမျိုးသမီး)၊ သုံးဆင့်ခုန် (အမျိုးသား)ပြိုင်ပွဲများကို ဆက်လက် ကျင်းပခဲ့သည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ ပြိုင်ပွဲများအသီးသီးတွင် ဆုရရှိခဲ့ကြသူများအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က အမျိုးသားတံခွန်စိုက်ဆုနှင့် အမျိုးသမီးတံခွန်စိုက်ဆုရရှိခဲ့ကြသည့် မန္တလေးတိုင်းဒေသကြီးအသင်းကို တံခွန်စိုက်ဆုဖလားများ ချီးမြှင့်ခဲ့သည်။

ထို့နောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက စုပေါင်းတံခွန်စိုက်ဆုဖလားရရှိခဲ့သည့် မန္တလေးတိုင်းဒေသကြီးပြေးခုန်ပစ်အသင်းအား တံခွန်စိုက်ဆုဖလား ချီးမြှင့်ပြီးနောက် စံချိန်အသီးသီးကို ချိုးနိုင်ခဲ့သည့် အားကစားသမားများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ မေလ(၂၉)ရက်နေ့မှ ဇွန်လ (၁)ရက်နေ့အထိ ပြည်နယ်နှင့်တိုင်းဒေသကြီး ပြိုင်ပွဲဝင်အသင်း(၁၅)သင်း၊ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားအင်အား စုစုပေါင်း(၅၂၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။