အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား (တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ) ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

၂၀၂၃ ခုနှစ်၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား (တက္ကသိုလ် ၊ကောလိပ်၊သိပ္ပံ)ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို (၃၁.၁.၂၀၂၃)ရက်နေ့ ညနေ (၃) နာရီအချိန် အောင်သံလွင်အားကစားကွင်း၊ ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ် ခင်ဆွေထွန်း နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊တက္ကသိုလ် ၊ကောလိပ်၊သိပ္ပံကျောင်းအုပ်ဆရာမကြီးများ၊ ဘောလုံးဆပ်ကော်မတီဝင်များနှင့် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ဘားအံတက္ကသိုလ်(ဂ)အသင်းနှင့် ဘားအံတက္ကသိုလ်(က)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဘားအံတက္ကသိုလ်(ဂ)အသင်းမှ ဘားအံတက္ကသိုလ်(က)အသင်းကို (၄:၂)ဂိုးဖြင့် အနိုင်ရရှိသွားခဲ့ပါသည်။ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ကြက်ခြေနီတပ်ဖွဲ့ဂုဏ်ပြုငွေနှင့် ဒိုင်လူကြီးအဖွဲ့ ဂုဏ်ပြုငွေတို့အား ကရင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်မှလည်းကောင်း၊ ဗိုလ်လုပွဲနေ့ အကောင်းဆုံး အားကစားသမားဆုကို ပြည်နယ်ဘောလုံးဆပ်ကော်မတီဥက္ကဌ ဦးအောင်ညိုမှ လည်းကောင်း၊ ဆက်လက်ပြီး ဒုတိယဆုရရှိသော ဘားအံတက္ကသိုလ် (က)အသင်းအား တစ်ဦးချင်းလည်ဆွဲဆုများကို စိုက်ပျိုးရေးသိပ္ပံ ကျောင်းအုပ်ကြီး ဒေါ်ခင်သီတာကျော်မှ လည်းကောင်း၊ ပထမဆုရရှိသော ဘားအံတက္ကသိုလ် (ဂ)အသင်းအား တစ်ဦးချင်း လည်ဆွဲဆုများကို ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ခင်မာလာထွန်းမှ လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ဆက်လက်ပြီး အစီအစဉ်အရ နေရာအလိုက် အကောင်းဆုံးအားကစားသမားဆုများအား ဆက်လက်ချီးမြှင့်ခဲ့ရာ ဂိုးသမားအကောင်းဆုံးအားကစားသမားဆုရရှိသော ဘားအံတက္ကသိုလ်(ဂ)အသင်းမှ ကျောနံပါတ် (၁) ဝတ်ဆင်ကစားသည့် မောင်အောင်မျိုးသူအား နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်ဇော်လတ်မှ ဆုကလပ်နှင့်ငွေသားဆုအား ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ နောက်တန်းအကောင်းဆုံးအားကစားသမားဆုရရှိသော ဘားအံတက္ကသိုလ်(က)အသင်းမှ ကျောနံပါတ်(၁၆) ဝတ်ဆင်ကစားသည့် စောမြတ်သူရိန်လင်းအား ဘားအံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေးမှ ဆုကလပ်နှင့်ငွေသားဆုအား ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ အလယ်တန်းအကောင်းဆုံး အားကစားသမားဆုရရှိသော ဘားအံတက္ကသိုလ်(ဂ)အသင်းမှ ကျောနံပါတ်(၁၀) ဝတ်ဆင်ကစားသည့် အောင်ခန့်ကိုအား ကရင်ပြည်နယ် ဥပဒေချုပ် ဦးရဲလွင်မှ ဆုကလပ်နှင့်ငွေသားဆုအား ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ရှေ့တန်းအကောင်းဆုံးအားကစားသမားဆုရရှိသော ဘားအံတက္ကသိုလ်(ခ)အသင်းမှ ကျောနံပါတ်(၁၄) ဝတ်ဆင်ကစားသည့် စောကိုကိုအား ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုမှ ဆုကလပ်နှင့်ငွေသားဆုအား ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုရရှိသော ဘားအံတက္ကသိုလ်(ဂ)အသင်းမှ ကျောနံပါတ် (၇) ဝတ်ဆင်ကစားသည့် မောင်အံ့မင်းဝေအား ကရင်ပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစိုးလွင်မှ ဆုကလပ်နှင့်ငွေသားဆုအား ပေးအပ်ချီးမြှင့်ခဲ့ပါသည်။၎င်းပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသော နည်းပညာတက္ကသိုလ် အသင်းအား ဆုကလပ်နှင့် ငွေသားဆု (၃)သိန်းကျပ်ကို ကရင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းမှ လည်းကောင်း၊ ပူးတွဲတတိယဆု ရရှိသော ဘားအံတက္ကသိုလ်(ခ) အသင်းအား ဆုကလပ်နှင့် ငွေသားဆု (၃)သိန်းကျပ်ကို ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်မှ လည်းကောင်း၊ ဒုတိယဆုရရှိသော ဘားအံတက္ကသိုလ် (က)အသင်းအား ဆုကလပ်နှင့် ငွေသားဆု (၇)သိန်းကျပ်ကို ကရင်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းမှလည်းကောင်း၊ ပထမဆုရရှိသော ဘားအံတက္ကသိုလ်(ဂ)အသင်းအား တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆု(၁၀)သိန်းကျပ်ကို ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးမှလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားအား အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။