အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကျင်းပ

ဘားအံ၊ဖေဖော်ဝါရီ(၇)။

(၇.၂.၂၀၂၃)ရက်နေ့ ညနေ(၃:၀၀)နာရီအချိန် ကရင်ပြည်နယ် ဘားအံမြို့ ပြည်နယ်ဖူဆယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သော ၂၀၂၃ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ဘားအံမြို့နယ် အသင်းနှင့် သံတောင်ကြီးမြို့နယ်အသင်းတို့ ယှဉ်ပြိုက်ကစားကြရာ ဘားအံမြို့နယ် အသင်းမှ သံတောင်ကြီးမြို့နယ်အသင်းအား (၈ ဂိုး : ၃ ဂိုး)ဖြင့် အနိုင်ရရှိခဲ့ပါသည်။

ဆက်လက်၍အစီအစဉ်အရ ဆုချီးမြှင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပရာ ရှေ့ဦးစွာ ဆုရရှိသောအားကစားသမားများကွင်းအတွင်းနေရာယူပြီး ဆုချီးမြှင့်ပွဲအခမ်းအနားအားစတင်ခဲ့ပါသည်။ ဆက်လက်၍ ကြက်ခြေနီအဖွဲ့ နှင့် ဒိုင်အဖွဲ့အား ပြည်နယ်အား/ကာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးစိုးနိုင်မှ ဂုဏ်ပြုငွေများချီးမြှင့်ခဲ့ပါသည်။

ဆက်လက်၍ အစီအစဉ်အရ တတိယဆုရရှိသော ကြာအင်းဆိပ်ကြီးမြို့နယ် အသင်းအား တစ်ဦးချင်း လည်ဆွဲဆုများကို ကရင်ပြည်နယ် ဥပဒေချုပ် ဦးရဲလွင်မှလည်းကောင်း၊

ဒုတိယဆုရရှိသော သံတောင်ကြီးမြို့နယ် အသင်းအား တစ်ဦးချင်း လည်ဆွဲဆုများကို ကရင်ပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ရဲမှူးကြီး ခင်ဇော်မှ လည်းကောင်း၊

ပထမဆုရရှိသော ဘားအံမြို့နယ် အသင်းအား တစ်ဦးချင်း လည်ဆွဲဆုများကို ကရင်ပြည်နယ်အစိုးရအဖွဲ့ ၊လူမှုရေးရာဝန်ကြီး ဦးစိုးလွင်မှလည်းကောင်း အသီးသီး ဆုများချီးမြှင့်ခဲ့ကြပါသည်။

ဆက်လက်၍အကောင်းဆုံး အားကစားသမားဆုများကိုချီးမြှင့်ခဲ့ရာ ပွဲစဉ်တစ်လျှောက်ဂိုးသွင်းအများဆုံးဆုအဖြစ် သံတောင်ကြီးမြို့နယ် အသင်းမှ ကျောနံပါတ်(၇) ထွန်းထွန်းအောင် နှင့် ပွဲစဉ်တစ်လျှောက်ဂိုးအကောင်းဆုံး ဂိုးသမားဆုအဖြစ် ဘားအံမြို့နယ်အသင်းမှ ကျောနံပါတ် (၁) စောသိန်းထက်ကျော်တို့အား ကရင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းမှ ဆုကလပ်နှင့် ငွေသားဆု(၅)သောင်း ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမာဆုအဖြစ် ဘားအံမြို့နယ်အသင်းမှ ကျောနံပါတ်(၅) မောင်ဝင်းထွဋ်‌အောင်အား တပ်မ-၂၂ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး ကျော်စိုးလင်းမှ ဆုကလပ်နှင့် ငွေသားဆု(၅)သောင်း ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

တတိယဆု ရရှိသော ကြာအင်းဆိပ်ကြီးမြို့နယ်အသင်းအား ဆုကလပ်နှင့် ငွေသားဆု (၅)သိန်းကျပ်ကို ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်မှ လည်းကောင်း၊

ဒုတိယဆုရရှိသော သံတောင်ကြီးမြို့နယ်အသင်းအား ဆုကလပ်နှင့် ငွေသားဆု (၇)သိန်းကျပ်ကို ကရင်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းမှလည်းကောင်း၊

ပထမဆုရရှိသော ဘားအံမြို့နယ်အသင်းအား တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆု(၁၀)သိန်းကျပ်ကို ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးမှလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားအား အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။