အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ခုနှစ်၊ မိုင်းဆတ်ခရိုင် အားကစားနှင့်ကာယပညာကော်မတီ မိုးရာသီမုတ်သုံဖလား အမျိုးသား(အလွတ်တန်း)ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်အနားကျင်းပ

ဇူလိုင်လ (၅)ရက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်/မြို့နယ်

ရှမ်းပြည်နယ်အတွင်းရှိ ဒေသများတွင် ဘောလုံးအဆင့်အတန်းတိုးတက်မြင့်မားရေး၊ လူငယ်မျိုးဆက်သစ် အားကစားသမားများမွေး ထုတ်ပေးနိုင်ရေး၊ လူငယ်လူရွယ်များ ချစ်ခင်စည်းလုံးမှုရရှိကာ ကျန်းမာကြံ့ခိုင်သော လူငယ်အဖြစ် ရှမ်းပြည်နယ်၏ အားကစားကဏ္ဍကို တိုးတက်စေရန်နှင့် နိုင်ငံဂုဏ်ဆောင်မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်အတွက် ရည်ရွယ်၍ ၂၀၂၃ ခုနှစ် မိုင်းဆတ်ခရိုင် အားကစားနှင့်ကာယပညာကော်မတီ မိုးရာသီမုတ်သုံဖလား အမျိုးသား(အလွတ်တန်း)ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို (၅.၇.၂၀၂၃) ညနေ(၃:၃၀)အချိန်တွင် ပြိုင်ပွဲဝင်အသင်း (၁၁)သင်းဖြင့် မိုင်းဆတ်မြို့ အောင်ဇေယျ ဘက်စုံအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါပြိုင်ပွဲသို့ ဗိုလ်မှူးချုပ် အေးမင်းဦး ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ တပ်ရင်းတပ်ဖွဲမှူးများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ နှင့် ရပ်မိရပ်ဖများတက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ပြိုင်ပွဲဝင်အသင်းများမှ ဗိုလ်မှူးချုပ် အေးမင်းဦးအား အလေးပြုခြင်း၊ ဗိုလ်မှူးချုပ်အေးမင်းဦးမှ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပြီးပြိုင်ပွဲဝင်အသင်းများမှ အားကစားသစ္စာအဓိဌာန် (၄)ချက်အား သံပြိုင်ရွတ်ဆိုခဲ့ပါသည်။ ဗိုလ်မှူးချုပ်အေးမင်းဦး၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ တပ်ရင်း တပ်ဖွဲ့မှူးများနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများမှ ပြိုင်ပွဲဝင် အသင်းသားများအား လိုက်လံနှုတ်ဆက်ခဲ့ပါသည်။ ထိုနောက် ဖွင့်ပွဲအခမ်းအနားအား အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ Dominion FC အသင်းနှင့် FSD အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပါသည်။ အဆိုပါပြိုင်ပွဲကို (၅.၈.၂၀၂၃)ထိကျင်းပပြုလုပ်မည်ဖြစ်ပါသည်။