အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲ စတုတ္ထနေ့ပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော်၊ အောက်တိုဘာ(၇)။

လက်ဝှေ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် လက်ဝှေ့ အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ (၄၉)ကြိမ်မြောက် ပြည်နယ်နှင့် တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး)လက်ဝှေ့ပြိုင်ပွဲ စတုတ္ထနေ့ပွဲစဉ်များကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း လက်ဝှေ့ရုံ၌ ဆက်လက်ကျင်းပရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့်တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဝိတ်တန်းအလိုက် အမျိုးသား(၄၈၊၅၇၊၆၃.၅၊၇၁)ကီလိုတန်းပြိုင်ပွဲ ပွဲစဉ်(၄)ပွဲနှင့် အမျိုးသမီး(၅၀) ကီလိုတန်းပြိုင်ပွဲ ပွဲစဉ်(၁)ပွဲ ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ကြပြီး အမျိုသား(၄၈)ကီလိုတန်းပြိုင်ပွဲတွင် မျိုးဇာနည်ထက်(ရန်ကုန်)နှင့် စောရွှေဝင်း(ကရင်)တို့ယှဉ်ပြိုင်ကစားခဲ့ရာ မျိုးဇာနည်ထက်(ရန်ကုန်)ကလည်းကောင်း၊ ညီညီဇော်(ချင်း)နှင့် ထက်အာကာမြင့်(ရခိုင်)တို့ယှဉ်ပြိုင်ကစားခဲ့ရာ ညီညီဇော်(ချင်း)ကလည်းကောင်း၊ လှိုင်ဘွား(ဧရာဝတီ)နှင့် လှမျိုးဝင်း(ရှမ်း)တို့ယှဉ်ပြိုင်ကစားခဲ့ရာ လှိုင်ဘွား(ဧရာဝတီ)ကလည်းကောင်း၊ အောင်အောင်ထွန်း(မွန်)နှင့် ဇော်လဆိုင်း(ကချင်)တို့ယှဉ်ပြိုင်ကစားခဲ့ရာ အောင်အောင်ထွန်း(မွန်)ကလည်းကောင်း၊ အမျိုးသား(၅၇)ကီလိုတန်းပြိုင်ပွဲတွင် ဝင်းရှင်းမောင်(ချင်း)နှင့် လမင်းကိုကို(ရန်ကုန်)တို့ယှဉ်ပြိုင်ကစားခဲ့ရာ ဝင်းရှင်းမောင်(ချင်း)ကလည်းကောင်း၊ ထူးမြတ်လွင်(ရခိုင်)နှင့် တောညို(ကယား)တို့ယှဉ်ပြိုင်ကစားခဲ့ရာ ထူးမြတ်လွင်(ရခိုင်)ကလည်းကောင်း၊ ရှိုင်းငယ်(ရှမ်း)နှင့် စောနက္ခအောင်(ကရင်)တို့ယှဉ်ပြိုင်ကစားခဲ့ရာ ရှိုင်းငယ်(ရှမ်း)ကလည်းကောင်း၊ မင်းဆက်သာဦး(စစ်ကိုင်း)နှင့် ကျော်လင်းဦး(မွန်)တို့ယှဉ်ပြိုင်ကစားခဲ့ရာ မင်းဆက်သာဦး(စစ်ကိုင်း)ကလည်းကောင်း၊ အမျိုးသား(၆၃.၅)ကီလိုတန်းပြိုင်ပွဲတွင် ထူးအောင်ရဲရင့်(တနင်္သာရီ)နှင့် နောင်နောင်ဦး(နေပြည်တော်) တို့ယှဉ်ပြိုင်ကစားခဲ့ရာ ထူးအောင်ရဲရင့်(တနင်္သာရီ)က လည်းကောင်း၊ မင်းထက်ကျော်(ရန်ကုန်)နှင့် ဝင်းလှိုင်ထွန်း(ရခိုင်)တို့ယှဉ်ပြိုင်ကစားခဲ့ရာ မင်းထက်ကျော်(ရန်ကုန်)ကလည်းကောင်း၊ နုတ်မာရ်(ကချင်)နှင့်ထွန်းထွန်းဝင်း(မန္တလေး)တို့ယှဉ်ပြိုင်ကစားခဲ့ရာ နုတ်မာရ်(ကချင်)ကလည်းကောင်း၊ မျိုးသူအောင်(မွန်)နှင့် ညီဇေယျာမင်း(ရှမ်း)တို့ယှဉ်ပြိုင်ကစားခဲ့ရာ မျိုးသူအောင်(မွန်)ကလည်းကောင်း၊ အမျိုးသား(၇၁)ကီလိုတန်းပြိုင်ပွဲတွင် စတီးရှု(ဧရာဝတီ)နှင့် သက်ဖြိုးလွင် (တနင်္သာရီ) တို့ယှဉ်ပြိုင်ကစားခဲ့ရာ စတီးရှု(ဧရာဝတီ)ကလည်းကောင်း၊ မင်းဝေအောင်(မန္တလေး)နှင့် အောင်ဇော်ဟိန်း(ရှမ်း)တို့ယှဉ်ပြိုင်ကစားခဲ့ရာ မင်းဝေအောင်(မန္တလေး)ကလည်းကောင်း၊ ကျော်မျိုးဟန်(စစ်ကိုင်း)နှင့် ကျင်ဇခန့်(ချင်း)တို့ယှဉ်ပြိုင်ကစားခဲ့ရာ ကျော်မျိုးဟန်(စစ်ကိုင်း)ကလည်းကောင်း၊ ရှိုင်းထက်ကိုကို(ကချင်)နှင့် စည်သူထက်(ရန်ကုန်)တို့ယှဉ်ပြိုင်ကစားခဲ့ရာ ရှိုင်းထက်ကိုကို(ကချင်)ကလည်းကောင်း၊ အမျိုးသမီး(၅၀)ကီလိုတန်းပြိုင်ပွဲတွင် အေးအေးပြည့်(တနင်္သာရီ)နှင့် မျိုးသန္တာ(ရန်ကုန်)တို့ယှဉ်ပြိုင်ကစားခဲ့ရာ အေးအေးပြည့်(တနင်္သာရီ)ကလည်းကောင်း၊ ပပဝင်း(ကရင်)နှင့် ဆိုင်းဘောက်တောင်(ကချင်)တို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပပဝင်း(ကရင်)ကလည်းကာင်း၊ အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြသည်။

အောက်တိုဘာ(၈)ရက်နေ့ မွန်းလွဲ(၂)နာရီတွင် အမျိုးသား/အမျိုးသမီး ဝိတ်တန်းအလိုက် ကီလိုတန်း ပြိုင်ပွဲ ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ရာ လက်ဝှေ့အားကစားကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်းသိရသည်။