အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ

ရန်ကုန်၊ မေလ (၂၉)ရက် ။

ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့တင်းနစ်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန် ရည်ရွှယ်၍ “ ၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ’’ ကို ယမန်နေ့ ညနေ(၄)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး ၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူတင်းနစ်ကွင်း၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ် ဥက္ကဌ ဦးမျိုးသူရနှင့် တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဒိုင်လူကြီးများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ အုပ်ချုပ်/နည်းပြများနှင့် အားကစားသမား များတက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်ဒုတိယဥက္ကဌ ဦးမျိုးသိန်းထွေး မှ ၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသူများအားလည်းကောင်း၊ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်ဥက္ကဌ ဦးမျိုးသူရ မှ ဝင်ရောက်ယှဉ်ပြိုင်ကြသော အသင်းများမှ မန်နေဂျာများအားလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကိုကျင်းပပြုလုပ်ရာ အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုရရှိသော အိဖြူ (မန္တလေးတိုင်းဒေသကြီး)၊ ဒုတိယဆုရရှိသော အေးအေးနွယ် (ပဲခူးတိုင်း ဒေသကြီး)၊ ပူးတွဲတတိယဆုရရှိသော ထက်ပြည့်သဇင် (မန္တလေးတိုင်းဒေသကြီး)နှင့် ဆုရတီ (ရန်ကုန်တိုင်းဒေသကြီး) တို့ကို မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ် အလုပ်အမှုဆောင် ဒေါက်တာ အောင်ကျော်ဆန်း မှ လည်းကောင်း၊ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုရရှိသော ဆယ်လျန်ဇူး (ချင်း ပြည်နယ်)၊ ဒုတိယဆုရရှိသော ဒါဝူး (ပဲခူးတိုင်းဒေသကြီး)၊ ပူးတွဲတတိယဆုရရှိသော ဇော်မင်းသူ (ဧရာဝတီတိုင်းဒေသကြီး)နှင့် မြတ်နိုးအောင် (ရန်ကုန်တိုင်းဒေသကြီး)တို့ကို မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ် အလုပ်အမှုဆောင် ဦးစိုင်းမြင့်အောင်မှလည်းကောင်းပေးအပ်ချီးမြှင့်ခဲ့သည်။

အမျိုးသမီး(၂)ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသော အေးအေးနွယ်+ပြည့်ရတီဦး (ပဲခူးတိုင်းဒေသကြီး) ၊ ဒုတိယဆုရရှိသော ခင်ခင်သန်း+အေးမြတ်မွန်ဆွေ (ရန်ကုန်တိုင်းဒေသကြီး)၊ ပူးတွဲ တတိယဆုရရှိသော ဗိုလ်လီယ + ဧကရီစံ (ကချင်ပြည်နယ်) နှင့် နွေရတနာဦး + ဖြူဖြူသင်း (ကချင်ပြည်နယ်)တို့ကို မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ် ဥက္ကဌ ဦးမျိုးသူရမှ လည်းကောင်း၊ အမျိုးသား(၂) ယောက် တွဲပြိုင်ပွဲတွင် ပထမဆုရရှိသော ဖြိုးသူလွင် + လင်းထက်နိုင်(ပဲခူးတိုင်းဒေသကြီး)၊ ဒုတိယ ဆုရရှိသော အောင်ရတနာဖြိုး+ သန့်ဇင် (ကချင်ပြည်နယ်)၊ ပူးတွဲတတိယဆုရရှိသော ဆယ်လျန်ဇူး+ ဇမ်းဇိုးထန် (ချင်းပြည်နယ်) နှင့် ဟိန်းမင်းဆက်+ လင်းထက်နိုင် (တနင်္သာရီတိုင်းဒေသကြီး) တို့ကို အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ မှလည်းကောင်းပေးအပ်ချီးမြှင့်ခဲ့သည်။

အမျိုးသား/အမျိုးသမီး(၂)ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသော ဒါဝူး+ပြည့်ရတီဦး (ပဲခူးတိုင်းဒေသကြီး) ၊ ဒုတိယဆုရရှိသော အောင်ရတနာဖြိုး+ နွေရတနာဦး (ကချင်ပြည်နယ်)၊ ပူးတွဲ တတိယဆုရရှိသော မြတ်နိုးအောင် + အေးမြတ်မွန်ဆွေ (ရန်ကုန်တိုင်းဒေသကြီး)နှင့် အောင်သော်ခန့် + ဆုရတီ (ရန်ကုန်တိုင်းဒေသကြီး) တို့ကို ရန်ကုန်တိုင်းဒေသကြီး အားကစာနှင့်ကာယပညာကော်မတီဥက္ကဌ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင် မှလည်းကောင်းပေးအပ်ချီးမြှင့်ခဲ့သည်။

အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသော ပဲခူးတိုင်းဒေသကြီး ၊ ဒုတိယဆုရရှိသော ကချင်ပြည်နယ် ၊ ပူးတွဲတတိယဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး တို့ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင် မှလည်းကောင်း၊ အမျိုးသားအသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသော ပဲခူးတိုင်းဒေသကြီး ၊ ဒုတိယဆုရရှိသော ရန်ကုန်တိုင်းဒေသကြီး ၊ ပူးတွဲတတိယဆုရရှိသော ဧရာဝတီတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန်ဦးဘိုဌေး မှ လည်းကောင်းပေးအပ်ချီးမြှင့်ခဲ့သည်။

အမျိုးသမီးအကောင်းဆုံးအားကစားသမားဆု ရရှိသော အိဖြူ (မန္တလေးတိုင်းဒေသကြီး )နှင့် အမျိုးသားအကောင်းဆုံး အားကစားသမားဆုရရှိသော ဖီဆာဆဲ (ပဲခူးတိုင်းဒေသကြီး) တို့အား ဆုတံဆိပ် နှင့်ငွေသားဆု ငွေကျပ် (၁)သိန်းစီကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့် တို့မှလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း မှ အမျိုးသမီး တံခွန်စိုက်ဆု၊ အမျိုးသားတံခွန်စိုက်ဆုနှင့် စုပေါင်းတံခွန်စိုက်ဆုရရှိသွားသော ပဲခူးတိုင်းဒေသကြီး အသင်းအား ဒိုင်းဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရှိရသည်။