အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲ ဆက်လက်ကျင်းပ

ရန်ကုန်၊ မေလ (၂၅)ရက် ။

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး ၊ မင်္ဂလာတောင်ညွန့်မြို့နယ် ၊ သိမ်ဖြူတင်းနစ်ကွင်း၌ ဆက်လက်ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဒိုင်လူကြီးများ၊ တင်းနစ် အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးကြသည်။

ယနေ့နံနက်(၈)နာရီမှစ၍ အမျိုးသားအသင်းလိုက် ပြိုင်ပွဲများတွင် ရန်ကုန်တိုင်းဒေသကြီး အသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို ( ၂ : ၀ ) ဖြင့်လည်းကောင်း ၊ ဧရာဝတီတိုင်းဒေသကြီးအသင်း က တနင်္သာရီ တိုင်းဒေသကြီး အသင်းကို ( ၂:၁ ) ဖြင့် လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး အသင်းက ချင်းပြည်နယ် အသင်းကို ( ၂:၁ ) ဖြင့် လည်းကောင်း ၊ စစ်ကိုင်းတိုင်း ဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို (၂:၁) ဖြင့် လည်းကောင်း၊ အမျိုးသမီးအသင်းလိုက် ပြိုင်ပွဲများတွင် ကချင်းပြည်နယ် အသင်းက ရှမ်းပြည်နယ်အသင်းကို (၂:၁) ဖြင့်လည်းကောင်း ၊ ရန်ကုန်တိုင်း ဒေသကြီး အသင်းက ဧရာဝတီ တိုင်းဒေသကြီးကို (၂:၀) ဖြင့်လည်းကောင်း ၊ မန္တလေးတိုင်းဒေသကြီး အသင်းက မွန်ပြည်နယ်အသင်းကို (၂:၀) ဖြင့်လည်းကောင်း ၊ ပဲခူးတိုင်းဒေသကြီးအသင်းက ချင်းပြည်နယ်အသင်းကို (၂း၁ )ဖြင့် လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိသွားသည်။

ထို့နောက် အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲများတွင် အိဖြူ(မန္တလေးတိုင်းဒေသကြီး)က ကျိန်ထူးမန် (ချင်းပြည်နယ်)ကို (၂:၀) ဖြင့်လည်းကောင်း၊ ဆုရတီ (ရန်ကုန်တိုင်းဒေသကြီး)က ဗိုလ်လီယံ(ကချင်ပြည်နယ်)ကို (၂:၀) ဖြင့်လည်းကောင်း၊ အသီးသီးယှဉ်ပြိုင် အနိုင်ရရှိခဲ့ကြသည်။

အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲများတွင် ဖီဆာဆဲ+ထွန်းထွန်းက မင်းမင်းသူ+ညီသက်ပိုင်ကို(၂:၀)ဖြင့်လည်းကောင်း၊ ဆယ်လျှန်ဆူး+ ဇမ်စိုးထမ်က စိုးမိုးနိုင်+ ဌေးဝင်းကို (၂:၀) ဖြင့်လည်းကောင်း၊ ဖြိုးမြင့်မိုး + ဇွဲထက်နိုင်က မင်းဟိန်ကို+သိန်းကျော်ဝေကို (၂:၀)ဖြင့်လည်းကောင်း၊ ဒွန်ဒိတ်ကိမ်+ထွန်ရှန်ကွတ်က ဖြိုးမြင့်ထွန်း+ သီယိုဒေါ်နိုကို (၂:၀) ဖြင့်လည်းကောင်း၊ ဖြိုးသူလွင် + လင်းထက်နိုင် က အောင်မိုးဟိန်း + ဇေယျာထွေး ကို (၂ : ၀ ) ဖြင့်လည်းကောင်း၊ လင်းလင်းထွန်း+မျိုးလှိုင်ဝင်းက အောင်မြတ်ဝင်း+အောင်ခန့်သူကို (၂းဝ)ဖြင့်လည်ကောင်း၊အမျိုးသမီးနှစ်ယောက်တွဲ ပြိုင်ပွဲတွင် အိဖြူ+ အေးမြင့်အောင် က မျိုးစန္ဒာမြင့် + ရတနာထွန်း ကို (၂:၀) ဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင် အနိုင်ရရှိခဲ့ကြောင်းသိရှိရသည်။