အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော် ဘောလုံးပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများ ဆက်လက်ကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ (၂၅)။          

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့်အတူ ယနေ့ နံနက်(၉)နာရီအချိန်မှစ၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ကျင်းပပြုလုပ်လျက်ရှိသည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော် (အမျိုးသား) ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်တွင် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများအားလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဆက်လက်ကျင်းပလျက်ရှိသည့် (အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်တွင် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများအားလည်းကောင်း၊ လက်ဝှေ့အားကစားရုံ၌ ဆက်လက်ကျင်းပလျက်ရှိသည့် (အမျိုးသား) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများအားလည်းကောင်း လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။