အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂-၂၀၂၃ ပညာသင်နှစ် နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်ပေါင်းစုံဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များဆက်လက်ကျင်းပ

နေပြည်တော်၊ ဧပြီ(၃)ရက်။

နည်းပညာနှင့် ကွန်ပျူတာတက္ကသိုလ်ကျောင်းသားဘောလုံးအားကစားသမားများမှသည် နိုင်ငံ့ဂုဏ်ဆောင်လက်ရွေးစင် ဘောလုံးအားကစားသမားကောင်းများ ထွက်ပေါ်လာစေရန်ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ် များကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ အုပ်စု(၄) နည်းပညာတက္ကသိုလ်(အောက်မြန်မာပြည်) ပွဲစဉ်များဖြစ်သည့် အသင်း(ဂ)နည်းပညာတက္ကသိုလ်(သန်လျင်၊ မော်လမြိုင်၊ ဘားအံ)နှင့် အသင်း(ဃ) ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (မအူပင်၊ ထားဝယ်၊ မြိတ်)တို့ကလည်းကောင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ နည်းပညာတက္ကသိုလ် (အောက်မြန်မာပြည်)ပွဲစဉ်များဖြစ်သည့် အသင်း(က) ပြည်နည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (မှော်ဘီ၊ တောင်ငူ)နှင့် အသင်း(ခ)ရန်ကုန်နည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(စစ်တွေ၊ ပုသိမ်၊ ဟင်္သာတ)တို့က လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားနေမှုများကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊  အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာအောင်ဇေယျနှင့် ဦးမျိုးလှိုင်၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နွယ်နီနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိပုဂ္ဂိုလ်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။