အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ   ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ(၂၆)။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ လာရောက် ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ အကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် နံနက်(၇)နာရီခွဲအချိန်တွင် ရန်ကုန်ဇုန်အသင်းနှင့် မကွေးဇုန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ရန်ကုန်ဇုန်အသင်းက မကွေးဇုန်အသင်းကို (၅)ဂိုး (၄)ဂိုး ဖြင့်လည်းကောင်း၊ ညနေ(၃)နာရီအချိန်တွင် မော်လမြိုင်ဇုန်အသင်းနှင့် ပုသိမ်ဇုန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပုသိမ်ဇုန်အသင်းက မော်လမြိုင်ဇုန်အသင်းကို (၂)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြသည်။

(၂၈.၂.၂၀၂၃)ရက်နေ့ နံနက်(၇)နာရီခွဲအချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ တတိယလုပွဲ ပွဲစဉ်အဖြစ် မကွေးဇုန်အသင်းနှင့် မော်လမြိုင်ဇုန်အသင်း၊ ညနေ(၃)နာရီခွဲအချိန်တွင် ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ရန်ကုန်ဇုန်အသင်းနှင့် ပုသိမ်ဇုန်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။