အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲအုပ်စုပွဲစဉ်များကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ(၂၃)။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ အုပ်စု နောက်ဆုံးပြိုင်ပွဲ ပွဲစဉ်များကို ယနေ့ မွန်းလွဲ(၃)နာရီခွဲအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေ့ကျင့်ရေး ကွင်းအမှတ်(၁)နှင့် (၃)တို့၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါအုပ်စုနောက်ဆုံးပြိုင်ပွဲ ပွဲစဉ်များအဖြစ် လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ ရန်ကုန်ဇုန်အသင်းနှင့် မြစ်ကြီးနားဇုန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ တစ်ဖက်(၁)ဂိုးစီဖြင့်လည်းကောင်း၊ လေ့ကျင့်ရေးကွင်း အမှတ်(၃)၌ ဒဂုံဇုန်အသင်းနှင့် ပုသိမ်ဇုန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပုသိမ်ဇုန်အသင်းက ဒဂုံဇုန် အသင်းကို (၄)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း အနိုင်ရရှိခဲ့သည်။

(၂၄.၂.၂၀၂၃)ရက်နေ့ အုပ်စုနောက်ဆုံးပြိုင်ပွဲ ပွဲစဉ်များအဖြစ် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစား ကွင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ နံနက် (၇)နာရီခွဲအချိန်တွင် မန္တလေးဇုန်အသင်းနှင့် မော်လမြိုင်ဇုန် အသင်း၊ မွန်းလွဲ(၃)နာရီခွဲအချိန်တွင် တောင်ကြီးဇုန်အသင်းနှင့် မကွေးဇုန်အသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်ကြောင်း သိရသည်။