အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ   ဘောလုံးပြိုင်ပွဲအုပ်စုပွဲစဉ်များကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ(၂၀)။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ် ပြိုင်ပွဲများကို ယနေ့ မွန်းလွဲ(၃)နာရီခွဲအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေ့ကျင့်ရေး ကွင်းအမှတ်(၃)၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ လာရောက် ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါအုပ်စုပွဲစဉ်တွင် မော်လမြိုင်ဇုန်အသင်းနှင့် တောင်ကြီးဇုန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မော်လမြိုင်ဇုန်အသင်းမှ တောင်ကြီးဇုန်အသင်းကို (၃)ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ (၂၁.၂.၂၀၂၃)ရက်နေ့ အုပ်စုပွဲစဉ်များအဖြစ် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေ့ကျင့်ရေး ကွင်းအမှတ်(၃)၌ နံနက် (၇)နာရီခွဲအချိန်တွင် ဒဂုံဇုန်အသင်းနှင့် ရန်ကုန်ဇုန်အသင်း၊ မွန်းလွဲ (၃)နာရီခွဲအချိန် တွင် ပုသိမ်ဇုန်အသင်းနှင့် မြစ်ကြီးနားဇုန်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း သိရသည်။