အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၂၀၂၂-၂၀၂၃) ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ကောလိပ်ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲသို့ လာရောက်ယှဉ်ပြိုင်သည့် အားကစားသမားများ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ

နေပြည်တော်၊ ဖေဖော်ဝါရီ(၂၀)။

နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ဖေဖော်ဝါရီ(၁၈)ရက်နေ့မှ (၂၈)ရက်နေ့အထိကျင်းပ ပြုလုပ်လျက်ရှိသည့် (၂၀၂၂-၂၀၂၃) ပညာသင်နှစ်၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲသို့ လာရောက်ယှဉ်ပြိုင်သည့် အားကစားသမားများသည် အရှေ့တောင်အာရှ၊ အာရှနှင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်မြင်ကျော်ကြားခဲ့သည့် မြန်မာ့လက်ရွေးစင် အားကစားသမားဟောင်းများ၏ အားကစားစွမ်းဆောင်ခဲ့မှုသမိုင်းမှတ်တမ်းများကို ကြည့်ရှုလေ့လာမှတ်သားပြီး အားကစားကို ပိုမိုစိတ်ပါဝင်စား၍ စိတ်ဓာတ်ခွန်းအားများရရှိစေပြီး အတုယူ ကြိုးစားလိုစိတ်များ ဖြစ်ပေါ်လာစေရန်အတွက် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ပြိုင်ပွဲဝင် ဘောလုံး(အမျိုးသား)၊ ဘော်လီဘော (အမျိုးသား/အမျိုးသမီး)၊ ပိုက်ကျော်ခြင်း(အမျိုးသား)နှင့် ပြေးခုန်ပစ်(အမျိုးသား/အမျိုးသမီး)အားကစားနည်းတို့မှ အသင်းအုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားစုစုပေါင်းအင်အား (၆၀၀)ဦးတို့သည် ယနေ့မွန်းလွဲ(၁)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(Social Zone)၌ ဖွင့်လှစ်ပြသထားရှိသည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းအတွင်းရှိသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက် မြန်မာ့အားကစားလှုပ်ရှားမှုများ ပြခန်းအားလည်းကောင်း၊ မြန်မာ့အားကစားမော်ကွန်းခန်းမအတွင်းရှိ မှတ်တမ်းတင်ထားရှိထားသော နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ ပုံတူရုပ်ထုများအားလည်းကောင်း၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုဆုတံဆိပ်ရရှိခဲ့သည့် မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ မှတ်တမ်းများအားလည်းကောင်း လာရောက်ကြည့်ရှုလေ့လာခဲ့ကြပြီး သိရှိမေးမြန်းလိုသည်များကို လူထုအားကစားနှင့်ပညာပေးဌာနခွဲမှ ပြခန်းတာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ပြီးနောက် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ရေကူးကန်အား ဆက်လက်သွားရောက်ကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။