အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းသားအားကစားပွဲတော် ဘော်လီဘော(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ (၂၆)။

မြန်မာ့အားကစားလောကအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် ကျောင်းသားအားကစားပွဲတော်မှတဆင့် နိုင်ငံ့လက်ရွေးစင်အားကစားသမားကောင်းများ စဉ်ဆက်မပြတ် ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းသားအားကစားပွဲတော် ဘော်လီဘော (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ (ဗိုလ်လုပွဲ) ပွဲစဉ်များကိုကျင်းပလျက်ရှိရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊  ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တပ်မတော်မှ အရာရှိကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အသင်းအုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ယနေ့ ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ်  (အမျိုးသား)ပြိုင်ပွဲတွင် ရှမ်းပြည်နယ်အသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို (၃) ပွဲ၊ (၁) ပွဲဖြင့်လည်းကောင်း၊ (အမျိုးသမီး) ပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို (၃) ပွဲ၊ (၂) ပွဲဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။ ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲတွင် ပထမဆုကို ရှမ်းပြည်နယ်အသင်း၊ ဒုတိယဆုကို ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ပူးတွဲတတိယဆုကို ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ကလည်းကောင်း၊ ဘော်လီဘော(အမျိုးသမီး)ပြိုင်ပွဲတွင် ပထမဆုကို  တနင်္သာရီတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုကို ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ပူးတွဲတတိယဆုကို စစ်ကိုင်း တိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ကလည်းကောင်း အသီးသီး ရရှိခဲ့ပြီး ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဇန်နဝါရီလ(၂၇)ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။