အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ ခုနှစ် ၊ ရှမ်းပြည်နယ် တောင်ကြီးမြို့နွေရာသီအခြေခံအားကစားသင်တန်းများ ပြန်လည်ဖွင့်လှစ်သင်ကြား

တောင်ကြီး၊ ဧပြီ (၁၇)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့်အညီ ရှမ်းပြည်နယ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ လမ်းညွှန်မှုများနှင့်အတူ တောင်ကြီးခရိုင်ကြီးကြပ်မှုအောက်ရှိ တောင်ကြီးမြို့နယ်တို့ မှ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၂ ခုနှစ် ၊ ရှမ်းပြည်နယ် တောင်ကြီးမြို့ နွေရာသီအခြေခံအားကစားသင်တန်းများအား ၂၀.၃.၂၀၂၂ရက်နေ့မှ ၃၀.၄.၂၀၂၂ရက်နေ့ထိ အားကစားနည်း (၁၉)နည်းဖြင့်ဖွင့်လှစ်သွားမည်ဖြစ်ရာ မဟာသင်္ကြန်တွင်းရုံးပိတ်ရက်များတွင် သင်တန်းများအား ၁၁.၄.၂၀၂၂ရက်နေ့မှ၁၇.၄.၂၀၂၂ရက်နေ့ထိ ခေတ္တရပ်နားထားခဲ့ရာမှ မနက်ဖြန် ၁၈.၄.၂၀၂၂ ရက်နေ့ နံနက်/ညနေ အချိန်ဇယားများအတိုင်း ပုံမှန်ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။မှတ်ချက်။ သင်တန်းသား/သူများအနေဖြင့် မိမိတို့သင်ယူနေသော အားကစားနည်းများအလိုက် ပြန်လည်တက်ရောက်နိုင်ပြီဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။