အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

တောင်ကြီး၊ဇွန်လ(၂၈)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန မှ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ဘော်လီဘောအားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေး ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ တိုင်းရင်းသားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုပိုမိုရရှိစေရေး ၊ မျိုးဆက်သစ်ရွက်ပုန်းသီး ဘော်လီဘောအားကစားသမားများ ပေါ်ထွက်လာစေရေးတို့ကိုရည်ရွယ်ပြီး ကျင်းပပြုလုပ်သော၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ပွဲစဥ်များရဲ့ အကြိုဗိုလ်လုပွဲပြိုင်ပွဲများကို ၂၈.၆.၂၀၂၂ရက်နေ့ နံနက်(၀၈:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ် ၊ တောင်ကြီးမြို့ရှိ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ဆက်လက်ယှဥ်ပြိုင်ကစားလျက်ရှိရာ ယနေ့ ယှဥ်ပြိုင်ကစားလျက်ရှိသော အမျိုးသားပွဲစဥ်ဖြစ်သော ရှမ်းပြည်နယ်အသင်း နှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဥ်ပြိုင်ကစားနေမှုများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ဒုတိယညွှန်ကြားရေးမှူးများ၊ မြန်မာ့လက်ရွေးစင်ဘော်လီဘောအားကစားသမားဟောင်းများဖြင့် ဖွဲ့စည်းထားသော မြန်မာနိုင်ငံဘော်လီဘောလူမှုရေးအသင်းမှ ဥက္ကဌ ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များမှ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရှိရပါသည်။

အဆိုပါပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဥ်တွင် ရှမ်းပြည်နယ်အသင်းမှ မန္တလေးတိုင်းဒေသကြီးအသင်းကို ၂၅:၂၁ မှတ် ၊ ၂၂:၂၅ မှတ် ၊၂၆:၂၈ မှတ် ၊ ၂၅:၂၂ မှတ် ၊ ၊၁၅:၀၇ မှတ်ဖြင့် (၃)ပွဲ (၂)ပွဲဖြင့် အနိုင်ရရှိသွားကြောင်းသိရှိရကာ ရှမ်းပြည်နယ်အသင်းသည် ဗိုလ်လုပွဲ သို့တက်ရောက်သွားပြီဖြစ်ကြောင်း သိရှိရပါသည်။