အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မော်လမြိုင်၊ မတ်လ(၂၅)ရက်။

၂၀၂၂ ခုနှစ် မွန်ပြည်နယ်နွေရာသီအခြေခံအားကစား သင်တန်းဖွင့်ပွဲ အခမ်းအနားကို (၂၅-၃-၂၀၂၂)ရက်နေ့ နံနက် (၀၉း၃၀) နာရီ အချိန်တွင် ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းမှ အဖွင့်အမှာစကား ပြောကြား၍ သင်တန်းအားဖွင့်လှစ်ပေးပြီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုးမှ အားကစားသင်တန်းများသို့ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်၍၊ ကရာတေးဒိုအားကစားနည်းမှ သရုပ်ပြသခဲ့ကြောင်း သိရှိရပါသည်။