အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလား ၁၀ မြို့နယ် အသက် ၁၈ နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုချီးမြှင့်ပွဲကျင်းပ

၂၀၂၂ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ် အသက် ၁၈ နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုချီးမြှင့်ပွဲ

အခမ်းအနားကို ၂၇.၉.၂၀၂၂ ရက်နေ့ ညနေ ၃:၃၀ နာရီ အချိန် ကျောင်းသားအားကစားကွင်း၌ ကျိုက်မရောမြို့နယ် အသင်းနှင့် ဘီးလင်းမြို့နယ် အသင်းတို့ ယှဥ်ပြိုင်ကစားရာ ကျိုက်မရောမြို့နယ်အသင်းမှ ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပါသည်။

ဆက်လက်ပြီး ဆုပေးပွဲ အခမ်းအနား ကျင်းပရာ ပထမတံခွန်စိုက်ဒိုင်းဆုရရှိသော ကျိုက်မရောမြို့နယ်အသင်းအား တစ်ဦးချင်းဆု ၊ ငွေသားဆု ကျပ် ၁၀ သိန်း နှင့် တံခွန်စိုက်ဒိုင်းဆုကို မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်မှလည်းကောင်း ၊ ဒုတိယဆုရရှိသော ဘီးလင်းမြို့နယ်အား တစ်ဦးချင်းဆုနှင့် ငွေသားဆု ကျပ် ၇ သိန်းကို မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ဇနီးမှ လည်းကောင်း ၊ တတိယဆုရရှိသော ပေါင်မြို့နယ်အသင်းအား ငွေသားဆု ကျပ် ၅ သိန်းကို ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်မှ လည်းကောင်း ၊ တတိယဆုရရှိသော မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး မှ လည်းကောင်း ၊ အကောင်းဆုံးဆုရရှိသော အားကစားသမားများကို မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ ၊ ပြည်နယ်ဘောလုံးဆပ်ကော်မတီဥက္ကဌ နှင့် ဒုတိယ ဥက္ကဌတို့မှ ချီးမြှင့်ပေးခဲ့ပါသည်။