အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက် ၁၈ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပ

၂၀၂၂ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက် ၁၈ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ၁၂.၉.၂၀၂၂ ရက်နေ့ ညနေ ၃း၀၀ နာရီ အချိန် ကျောင်းသားအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဇနီး ၊ မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ ပြည်နယ်အမျိုးသမီး အားကစားအဖွဲ့ ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ ၊ ပြည်နယ်မိခင်နှင့်ကလေးအဖွဲ့၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ ၊ ပြည်နယ်ဘောလုံးဆပ်ကော်မတီများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားတွင် ပြိုင်ပွဲဝင်အသင်းများသည် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်အား ချီတက်အလေးပြုပြီး သတ်မှတ်နေရာယူခဲ့ကာ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အဖွင့်မိန့်ခွန်းပြောကြား၍ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ပါသည်။ ဆက်လက်ပြီး ပြိုင်ပွဲဝင်အသင်းများမှ အားကစားသစ္စာအဓိဌာန်ရွက်ဆိုပြီး ပြိုင်ပွဲဝင်အသင်းများသည် ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ပါသည်။

ယနေ့ပြိုင်ပွဲအဖြစ် ကျိုက်ထိုမြို့နယ်အသင်းနှင့် ရေးမြို့နယ်အသင်းတို့ ယှဥ်ပြိုင်ကစားခဲ့ရာ ရေးမြို့နယ်အသင်းမှ ၄ ဂိုး ၃ဂိုးဖြင့် အနိုင်ရရှိခဲ့ပါသည်။