အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး စားပွဲတင်တင်းနစ်ပြိုင်ပွဲဆက်လက်ကျင်းပ

ရန်ကုန်၊စက်တင်ဘာလ (၁၈)ရက်။

၂၀၂၂ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး စားပွဲတင်တင်းနစ်ပြိုင်ပွဲကို ယမန်နေ့နံနက် ( ၉:၀၀ )နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ ၌ ဆက်လက်ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံစားပွဲတင်တင်းနစ် အဖွဲ့ချုပ်မှ တာဝန်ရှိသူများ ၊ စားပွဲတင်တင်းနစ် အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့သည်။

ယမန်နေ့ နံနက်(၉)နာရီမှစတင်၍ အမျိုးသားအသင်းလိုက်နှင့် အမျိုးသမီးအသင်းလိုက် ပွဲစဉ်များ ၊ အမျိုးသား+အမျိုးသမီးနှစ်ယောက်တွဲ ပွဲစဉ်များ ယှဉ်ပြိုင်ကစားခဲ့ကြရာ အမျိုးသားအသင်းလိုက်ပြိုင်ပွဲ ဆီးမီးဖိုင်နယ်ပွဲစဉ်၌ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တနင်္သာရီတိုင်းဒေသကြီးအသင်းက အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့ လည်းကောင်း ၊ ရှမ်းပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်း ဒေသကြီးအသင်းက အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့ လည်းကောင်း အသီးသီး တက်ရောက်သွားကြသည်။

အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲ ဆီးမီးဖိုင်နယ်ပွဲစဉ်၌ ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်းက အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့လည်းကောင်း ၊ ရှမ်းပြည်နယ်အသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရှမ်းပြယ်နယ်အသင်းက အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့လည်းကောင်းအသီးသီး တက်ရောက်သွားကြသည်။

အမျိုးသား+အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲ ရှုံး/ထွက်ပွဲစဉ်များ၌အုပ်စု(၁)တွင် လှိုင်ထက်ရည်+ပုလဲနှစ် (စစ်ကိုင်းတိုင်းဒေသကြီး)နှင့် စောဆဲခူ+ နန့်မြို့စန်းကြူ (ဧရာဝတီတိုင်းဒေသကြီး)တို့ ယှဉ်ပြိုင်ကစားကြရာ လှိုင်ထက်ရည် + ပုလဲနှစ် (စစ်ကိုင်းတိုင်းဒေသကြီး)ကလည်းကောင်း၊ မင်းအောင်ဘုန်းပြည့်သျှံ + ဖူးပြည့်ပြည့်စံ (မွန်ပြည်နယ်)နှင့် ဟိန်းကိုလှိုင် + မှူးသဇင် (ပဲခူးတိုင်း ဒေသကြီး)တို့ ယှဉ်ပြိုင်ကစားကြရာ ဟိန်းကိုလှိုင် + မှူးသဇင် (ပဲခူးတိုင်းဒေသကြီး)ကလည်းကောင်း၊ ဟိန်းထက်စိုး+ သဲနန္ဒာဆိုင်(ရှမ်းပြည်နယ်)နှင့် ကျော်ကျော်လွင် + သင်းသင်းလဲ့ (ကယားပြည်နယ်)တို့က ယှဉ်ပြိုင်ကစားကြရာ ဟိန်းထက်စိုး + သဲနန္ဒာဆိုင် (ရှမ်းပြည်နယ်) က လည်းကောင်း၊ ဇင်မင်းဟိန်း + နန်းဆက်ဝါ (ရန်ကုန်တိုင်း ဒေသကြီး) နှင့် လော့ဒ်အောင် + W ချမ်းဆွေ (ကချင်ပြည်နယ်)တို့ ယှဉ်ပြိုင်ကစားကြရာ ဇင်မင်းဟိန်း + နန်းဆက်ဝါ (ရန်ကုန်တိုင်းဒေသကြီး)တို့က လည်းကောင်းအသီးသီး အနိုင်ရရှိသွားကြသည်။

အမျိုးသား+အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲ ရှုံး/ထွက်ပွဲစဉ်များ၌အုပ်စု(၂)တွင် မြတ်သူရလင်း + နိုင်နိုင်ဝင်း (ရှမ်းပြည်နယ်)နှင့် ကျော်ဝဏ္ဏစိုး+ ထက်ထက်ဝင်း (မွန်ပြည်နယ်)တို့ ယှဉ်ပြိုင်ကစားကြရာ မြတ်သူရလင်း + နိုင်နိုင်ဝင်း (ရှမ်းပြည်နယ်)က လည်းကောင်း၊ ရဲလင်းနိုင်+ ဥဥခင် (မန္တလေးတိုင်းဒေသကြီး)နှင့် ဟိန်းသီဟ + သန့်မှူးအိမ်စည် (ပဲခူးတိုင်းဒေသကြီး)တို့ ယှဉ်ပြိုင်ကစားကြရာ ဟိန်းသီဟ + သန့်မှူးအိမ်စည် (ပဲခူးတိုင်းဒေသကြီး)က လည်းကောင်း၊ထွန်းနိုင်ဦး+ ဆောင်းအိန္ဒြာ(ကချင်ပြည်နယ်)နှင့်ကျော်ဇေယျ+သက်မှူးစံ(ရန်ကုန်တိုင်း ဒေသကြီး)တို့က ယှဉ်ပြိုင်ကစားကြရာ ကျော်ဇေယျ + သက်မှူးစံ (ရန်ကုန်တိုင်းဒေသကြီး)ကလည်းကောင်း၊ သူရမင်းသန့် + အေးသီရိထွန်း (ဧရာဝတီတိုင်းဒေသကြီး) နှင့် တေဇာဘုန်းသျှံ + ရတနာအေးမြမြ (နေပြည်တော်)တို့ ယှဉ်ပြိုင်ကစားကြရာ သူရမင်းသန့် + အေးသီရိထွန်း (ဧရာဝတီတိုင်း ဒေသကြီး)တို့ကလည်းကောင်း အသီးသီး အနိုင်ရရှိ သွားကြသည်။

အမျိုးသား+အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲ ရှုံး/ထွက်ပွဲစဉ်များ၌ အုပ်စု(၃)တွင် ဟိန်းထက်အောင် + နိုင်းထက်ထက်အောင် (ရခိုင်ပြည်နယ်)နှင့် မျိုးမြတ်ထင် +မြတ်နိုးဝသာန် (ရှမ်းပြည်နယ်)တို့ ယှဉ်ပြိုင်ကစားကြရာ မျိုးမြတ်ထင် +မြတ်နိုးဝသာန် (ရှမ်းပြည်နယ်)က လည်းကောင်း၊ မင်းမြတ်အောင်+ စောသဉ္ဇာ (ပဲခူးတိုင်းဒေသကြီး)နှင့် မိုးဇော်+ ဝိုင်းဝိုင်း (စစ်ကိုင်းတိုင်းဒေသကြီး)တို့ ယှဉ်ပြိုင်ကစားကြရာ မိုးဇော်+ ဝိုင်းဝိုင်း (စစ်ကိုင်းတိုင်းဒေသကြီး)က လည်းကောင်း၊ ထက်မြတ် + လင်းသူဇာ (ရန်ကုန်တိုင်းဒေသကြီး)နှင့် ကျော်ဇင်ဖြိုး + လင်းလက်ဝေ (ကချင်ပြည်နယ်)တို့ ယှဉ်ပြိုင်ကစားကြရာ ထက်မြတ် + လင်းသူဇာ (ရန်ကုန်တိုင်းဒေသကြီး)ကလည်းကောင်း၊ အောင်ခိုင်ဖြိုး+ ခိုင်ဇင်သော် (မွန်ပြည်နယ်)နှင့် လွင်ဘုန်း + ရွှေရောင်လင်းလက် (မကွေးတိုင်းဒေသကြီး)တို့ ယှဉ်ပြိုင်ကစားကြရာ လွင်ဘုန်း + ရွှေရောင်လင်းလက် (မကွေးတိုင်းဒေသကြီး)တို့က လည်းကောင်းအသီးသီး အနိုင်ရရှိ သွားကြသည်။

အမျိုးသား+အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲ ရှုံး/ထွက်ပွဲစဉ်များ၌အုပ်စု(၄)တွင် ဇော်မျိုးထက် + သင်းသဇင် (ရခိုင်ပြည်နယ်)နှင့် စိုင်းမြတ်သူ + ရတနာစိုး (စစ်ကိုင်းတိုင်းဒေသကြီး)တို့ ယှဉ်ပြိုင်ကစားကြရာ စိုင်းမြတ်သူ + ရတနာစိုး (စစ်ကိုင်းတိုင်းဒေသကြီး)က လည်းကောင်း၊ စောတာဝေလင်း + ယဉ်ဝေခိုင် (ရန်ကုန်တိုင်းဒေသကြီး)နှင့် အောင်ခန့်လင်း+ ဒွဲဘူအောင် (ကချင်ပြည်နယ်)တို့ ယှဉ်ပြိုင်ကစားကြရာ စောတာဝေလင်း + ယဉ်ဝေခိုင် (ရန်ကုန်တိုင်းဒေသကြီး)က လည်းကောင်း၊ သိန်းထက်ဇံ + ယွန်းဝတီ (ပဲခူးတိုင်းဒေသကြီး)နှင့် ပြည့်စုံအောင်+ သဲနန္ဒာစု (နေပြည်တော်)တို့ ယှဉ်ပြိုင်ကစားကြရာ သိန်းထက်ဇံ + ယွန်းဝတီ (ပဲခူးတိုင်းဒေသကြီး)က လည်းကောင်း၊ ကျော်ဇင်သန့်+ ဖြိုးစန္ဒာ (ကယားပြည်နယ်) နှင့် ရဲလင်းထွန်း + မေလပြည့်ဝန်း (မွန်ပြည်နယ်)တို့ ယှဉ်ပြိုင်ကစားကြရာ ရဲလင်းထွန်း + မေလပြည့်ဝန်း (မွန်ပြည်နယ်)တို့ကလည်းကောင်း အသီးသီး အနိုင်ရရှိသွားကြသည်။

(၁၈.၉.၂၀၂၂)ရက်နေ့ နံနက်(၉)နာရီအချိန်မှ စ၍ အမျိုးသား/အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များ၊ အမျိုးသား+ အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲ၏ အုပ်စုအလိုက် ရှုံး/ထွက် ပွဲစဉ်များ နှင့် ဗိုလ်လုပွဲစဉ်များကို ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။