အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ ခုနှစ်၊ အာဆီယံအပေါင်း လူငယ်စေတနာ့ဝန်ထမ်း ဖိုရမ်တက်ရောက်၍ အာဆီယံအပေါင်း လူငယ်စေတနာ့ဝန်ထမ်း ဆုရသူတို့အားကြိုဆို

ရန်ကုန်၊ ဩဂုတ်(၂၈)ရက်နေ့။

ဗီယက်နမ်နိုင်ငံQuangBinhစီရင်စု၌ (၂၃.၈.၂၀၂၂)ရက်နေ့မှ (၂၇.၈.၂၀၂၂)ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၂ ခုနှစ်၊ အာဆီယံအပေါင်း လူငယ်စေတနာ့ဝန်ထမ်းဖိုရမ်နှင့် အာဆီယံအပေါင်းလူငယ်စေတနာ့ဝန်ထမ်းဆုချီးမြှင့်ပွဲအခမ်းအနား (ASEAN PLUS Youth Volunteer Forum And ASEAN PLUS Youth Volunteer Award 2022 ) ကျင်းပပြုလုပ်ခဲ့ရာမြန်မာနိုင်ငံမှ အားကစားနှင့်လူငယ်ရေးရာ၀န်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ပပထွန်းနှင့် ရှင်သန်ရေးလူမှုကူညီရေးအသင်း အတွင်းရေးမှူး ဒေါ်နိုင်နိုင်ဝင်းထိန်တို့ တက်ရောက်ခဲ့ပါသည်။

အဆိုပါပြိုင်ပွဲတွင် တစ်ဦးချင်းလူငယ်စေတနာ့ဝန်ထမ်းဆုကို မောင်ဇွဲရန်နိုင် (ရွှေရောင် သမိုင်းလူမှုကူညီရေးအသင်း)နှင့် အသင်းအဖွဲ့ဆုကို ဒေါ်နိုင်နိုင်ဝင်းထိန် (ရှင်သန်ရေးလူမှု ကူညီရေးအသင်း)တို့ကရရှိခဲ့ပါသည်။

တစ်ဦးချင်းလူငယ်စေတနာ့ဝန်ထမ်းဆုကို မောင်ဇွဲရန်နိုင်(ကိုယ်စား) လူငယ်ရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ပပထွန်းမှ လည်းကောင်း၊ အသင်းအဖွဲ့ဆုကို ဒေါ်နိုင်နိုင်ဝင်းထိန် (ရှင်သန်ရေးလူမှုကူညီရေးအသင်း)တို့မှ ဆုများကို တက်ရောက် ယူခဲ့ပြီး မြန်မာနိုင်ငံ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေနှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးတို့က ကြိုဆိုခဲ့ကြောင်း သိရှိရပါသည်။