အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံပိုက်ကျော်ခြင်း (အမျိုးသား) ပထမအဆင့်ရှုံး/ထွက်ပြိုင်ပွဲ ပွဲစဉ်များဆက်လက်ကျင်းပ

နေပြည်တော်၊ ဇူလိုင် (၂၆)ရက်။

 ပိုက်ကျော်ခြင်း မျိုးဆက်သစ်အားကစားသမားများစွာပေါ်ထွက်လာစေရေးအတွက် ၂၀၂၂ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း(အမျိုးသား)ပြိုင်ပွဲကို ယနေ့နံနက် (၉:၀၀)နာရီမှ စတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B)ရုံ၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအသီးသီးမှတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှတာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြပါသည်။

 ယနေ့ ပိုက်ကျော်ခြင်း(အမျိုးသား) ပထမအဆင့်ရှုံး/ထွက်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ကာကွယ်ရေး ဝန်ကြီးဌာနအသင်းက အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အသင်းကို  (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အသင်းက နေပြည်တော်စည်ပင်အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းက ပညာရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲ(၁)ပွဲဖြင့်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနအသင်းက နယ်စပ်ရေးရာ ဝန်ကြီးဌာနအသင်းကို (၂)ပွဲ(၁)ပွဲဖြင့်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက စွမ်းအင်ဝန်ကြီး ဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ နေပြည်တော်ကောင်စီအသင်းက ပြန်ကြားရေးဝန်ကြီးဌာန အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ စက်မှုဝန်ကြီးဌာနအသင်းက သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အသင်းက လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင်အနိုင် ရရှိခဲ့ကြပါသည်။ အဆိုပါ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း (အမျိုးသား)ကွာတားဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များကို (၂၇.၇.၂၀၂၂)ရက်နေ့ နံနက်(၉:၀၀) နာရီမှစတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B)ရုံ၌ ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ရာ ပိုက်ကျော်ခြင်း အားကစားနည်းကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သတင်းရရှိပါ သည်။