အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ ခုနှစ်၊ ရှမ်းပြည်နယ် အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီ နာယကဖလား ခရိုင်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း(အေရိုးဗစ်) ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကျင်းပ

တောင်ကြီး၊ဖေဖော်ဝါရီ (၂ )ရက်။

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသောအမိန့်များနှင့်အညီ ၂၀၂၂ ခုနှစ် ၊ ရှမ်းပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီနာယကဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများနှင့် ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ရှမ်းပြည်နယ်( တောင်ပိုင်း) တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ယနေ့နေ့လည် ( ၁၁:၀၀ )နာရီအချိန်တွင်ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါက်တာ ခင်ခင်ထူး ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ပြည်နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ ဦးအောင်မြင့်၊ ရှမ်းပြည်နယ် အားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ အားကစားနှင့်ကာယပညာသိပ္ပံ( တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်ပေါင်းစုံမှပြိုင်ပွဲတွင် ဆုရရှိသည့် အားကစားသမားများ၊ နည်းပြ/အုပ်ချုပ်သူများ၊ တက်ရောက်ခဲ့ကြကြောင်းသိရှိပါသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီ နာယက၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၏ ဇနီး၊ ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ၅ ဦးတွဲ၊ ၃ ဦးတွဲ၊ ၁ ဦးချင်းစိတ်ကြိုက် ပြိုင်ပွဲများ အလိုက်ယှဥ်ပြိုင်ကစားခဲ့ကြသော ဆုရအားကစားသမားများကို လည်ဆွဲဆုတံဆိပ်များနှင့် ငွေသားဆုများအား ချီးမြှင့်ပေးအပ်ခဲ့ပြီး ပထမတံခွန်စိုက်ဆုဖလားရရှိသည့် တောင်ကြီးခရိုင်အသင်းကို ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ၊ ရှမ်း ပြည်နယ် အမျိုးသမီးအားကစားအဖွဲ့ဆပ်ကော်မတီ နာယက ဒေါက်တာ ခင်ခင်ထူးမှ ဆုဖလားကြီးအား ပေးအပ်ခဲ့ကာ အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်းတို့အား ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။