အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား(တောင်ပိုင်းဇုန်) မြို့နယ်အလိုက် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

တောင်ကြီးမြို့၊ စက်တင်ဘာလ(၁၉)ရက်။

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ ရှမ်းပြည်နယ်အားကစားကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ ဘောလုံးအားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေးကို ရည်ရွယ်၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့၏လမ်းညွှန်မှုနှင့်အတူ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၂ ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား(တောင်ပိုင်းဇုန်) မြို့နယ်အလိုက် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း၌ ယနေ့ ညနေ (၁၅:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိခဲ့ရပြီး မွန်းလွဲ(၁၃:၀၀)နာရီအချိန်တွင် တတိယနေရာလုပွဲ ပွဲစဉ်အဖြစ် ဟိုပုံးမြို့နယ်အသင်းနှင့် မောက်မယ်မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဟိုပုံးမြို့နယ်အသင်းမှ မောက်မယ်မြို့နယ်အသင်းကို ၃ ဂိုး၊ ၂ ဂိုးဖြင့် အနိုင်ရရှိသွားကာ ညနေ(၁၅:၀၀)နာရီအချိန်တွင် ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် တောင်ကြီးမြို့နယ်အသင်းနှင့် ဆီဆိုင်မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး တောင်ကြီးမြို့နယ်အသင်းမှ ဆီဆိုင်မြို့နယ်အသင်းကို ၃ ဂိုး ၊ ၁ ဂိုး ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသွားကြောင်း သိရှိခဲ့ရပါသည်။

အဆိုပါပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ် ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ၊ ပြည်နယ်အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဥက္ကဌ ဦးအောင်မြင့်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် တင်ကိုကို၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)၊ ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ဖိတ်ကြားထားသူများမှ ကြည့်ရှုအားပေးခဲ့ကြပါသည်။

ပြိုင်ပွဲတွင် ဆုရရှိသွားသော အသင်းများအား တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိခဲ့ရပြီး အဆိုပါဘောလုံးပြိုင်ပွဲအား ၅.၉.၂၀၂၂ ရက်နေ့မှ ၁၉.၉.၂၀၂၂ ရက်နေ့ထိ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ရှမ်းပြည်နယ်(တောင်ပိုင်းဇုန်)အတွင်းရှိ မြို့နယ်များမှ အသင်းပေါင်း(၂၁)သင်းမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိခဲ့ရကာ ဆက်လက်ပြီး အဆိုပါဇုန်အလိုက်ပြိုင်ပွဲများကို ၅.၉.၂၀၂၂ ရက်နေ့တွင် တစ်ပြိုင်တည်း စတင်ခဲ့ကာရှမ်းပြည်နယ်(အရှေ့ပိုင်းဇုန်)တွင် ပထမနှင့် ဒုတိယရရှိသည့်အသင်းများဖြစ်သော တာချီလိတ်မြို့နယ်အသင်းနှင့် ကျိုင်းတုံမြို့နယ်အသင်းတို့သည်လည်းကောင်း ၊ ရှမ်းပြည်နယ်(မြောက်ပိုင်းဇုန်)တွင် ပထမ၊ ဒုတိယ၊ တတိယ ရရှိသည့်အသင်းများဖြစ်သော တတိယရရှိသောမဘိမ်းမြို့နယ်အသင်း၊ ဒုတိယရရှိသော ကျောက်မဲမြို့နယ်အသင်း၊ ပထမရရှိသော သိန္နီမြို့နယ်အသင်းတို့သည်လည်းကောင်း၊ ယခုတောင်ပိုင်းဇုန်မှ ပထမ၊ ဒုတိယ၊ တတိယ ရရှိသည့်အသင်းများဖြစ်သော တတိယရရှိသောဟိုပုံးမြို့နယ်အသင်း ၊ ဒုတိယရရှိသော ဆီဆိုင်မြို့နယ်အသင်း ၊ ပထမရရှိသော တောင်ကြီးမြို့နယ်အသင်းများအား အုပ်စု (၂)စုခွဲကာ ၂၆.၉.၂၀၂၂ ရက်နေ့တွင် ၂၀၂၂ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဖလား ဇုန်အလိုက် အသက် (၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။