အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား / အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

လားရှိုး၊ ဇူလိုင် (၂၅)ရက်။

၂၀၂၂ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသား / အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို လားရှိုးမြို့ရှိ လေ့ကျင့်ရေးအားကစားရုံ၌ ၂၅.၇.၂၀၂၂ ရက်နေ့ ညနေ (၁၅:၀၀) နာရီအချိန်တွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိခဲ့ရပြီး အမျိုးသမီး ဗိုလ်လုပွဲ ပွဲစဥ်အဖြစ် တောင်ကြီးခရိုင်အသင်းနှင့် လားရှိုးခရိုင်အသင်းတို့က နေ့လည်(၁၃:၀၀) နာရီအချိန်တွင်ယှဉ်ပြိုင်ကစားခဲ့ရာ လားရှိုးခရိုင်အသင်းမှ တောင်ကြီးခရိုင်အသင်းကို လည်းကောင်းအနိုင်ရရှိခဲ့ပြီး၊ အမျိုးသားဗိုလ်လုပွဲ ပွဲစဥ်အဖြစ် တောင်ကြီးခရိုင်အသင်းနှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(လောက်ကိုင်) အသင်းတို့ကညနေ(၁၅:၀၀)နာရီအချိန်တွင်ယှဥ်ပြိုင်ကစားခဲ့ရာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(လောက်ကိုင်)အသင်းမှ တောင်ကြီးခရိုင်အသင်းကို လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ကြပါသည်။

အဆိုပါပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ကိုယ်စား ရှမ်းပြည်နယ်ဒုတိယပြည်နယ်အဆင့်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ ဖိတ်ကြားထားသူများမှ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။

ပြိုင်ပွဲတွင် ပထမဆုရရှိသော လားရှိုးခရိုင်အမျိုးသမီးအသင်းနှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(လောက်ကိုင်) အမျိုးသားအသင်းတို့အား ပထမတံခွန်စိုက်ဆုဖလားများကို တာဝန်ရှိသူများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိခဲ့ရပါသည်