အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၁၀)မြို့နယ် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

၂၀၂၂ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက် (၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို (၁.၉.၂၀၂၂)ရက်နေ့ ကျောင်းသားအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ပေါင်မြို့နယ်အသင်းနှင့် သံဖြူဇရပ် မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ သံဖြူဇရပ်မြို့နယ် အသင်းမှ (၁)ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပါသည်။

ပထမ တံခွန်စိုက်ရရှိသော သံဖြူဇရပ်မြို့နယ်အား တစ်ဦးချင်းဆု ၊ ငွေသားဆုနှင့် တံခွန်စိုက်ဒိုင်းဆုကို မွန်ပြည်နယ်အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းမှလည်းကောင်း၊ ဒုတိယဆုရရှိသော ပေါင်မြို့နယ်အသင်းအား တစ်ဦးချင်းဆုနှင့် ငွေသားဆုကို ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုးမှ လည်းကောင်း ၊ ပူးတွဲတတိယဆုရရှိသော သထုံမြို့နယ် အသင်းအား ငွေသားဆုကို မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်မှ လည်းကောင်း၊ တတိယဆုရရှိသော မွန်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး နိုင်လယိတမ မှ ဆုများပေးအပ်ခဲ့ပါသည်။