အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ ခုနှစ်၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ် ဥက္ကဋ္ဌဖလား၊   အမျိုးသား တံခွန်စိုက် လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

နေပြည်တော်၊ ဩဂုတ်(၂၉)ရက်။

လူငယ်/လူရွယ်များ လက်ဝှေ့အားကစားနည်းကို ပိုမိုစိတ်ပါဝင်စားလာစေပြီး လက်ဝှေ့အားကစားနည်း ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် စိတ်ဓာတ်၊ စွမ်းရည်၊ သတ္တိနှင့် ပြည့်စုံ၍ ကျန်းမာကြံ့ခိုင် ပြီး ထူးချွန်ထက်မြက်သော နိုင်ငံ့ကိုယ်စားပြု သွေးသစ်အားကစားသမားကောင်းများ ပေါ်ထွက်လာ စေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်တို့ ကြီးမှူးကျင်းပသည့် “ ၂၀၂၂ခုနှစ်၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား၊ အမျိုးသားတံခွန်စိုက် လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား” ကို ယမန်နေ့မွန်းလွဲ(၃)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ လက်ဝှေ့အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးမျိုးလှိုင်၊ ဒေါက်တာစိုးဝင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန  ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦးနှင့် ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်ကျော်စိုးနှင့် တာဝန်ရှိသူများတက်ရောက် ကြည့်ရှု အားပေးခဲ့ကြသည်။

ပြိုင်ပွဲ ပွဲစဉ်များအဖြစ်   အမျိုးသမီး (၄၈)ကီလိုတန်းပြိုင်ပွဲတွင် အေးငြိမ်းထူး (အား/လူငယ်) နှင့် ထန်နွမ်းကိန်(အား/လူငယ်) တို့ယှဉ်ပြိုင်ကစားခဲ့ကြရာ အေးငြိမ်းထူး(အား/လူငယ်)မှ လည်းကောင်း၊

အမျိုးသမီး (၅၀)ကီလိုတန်းပြိုင်ပွဲတွင် အိဖြူထွေး(ပြည်ထဲရေး)နှင့် မြမိုးသူ(ပြည်ထဲရေး) တို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မြမိုးသူ(ပြည်ထဲရေး)မှလည်းကောင်း၊

အမျိုးသမီး (၅၂)ကီလိုတန်းပြိုင်ပွဲတွင် မေသဇင်ထူး(ပြည်ထဲရေး)နှင့် နန်းအေးဗွေဟွမ်(ရှမ်း/ တောင်ကြီးကလပ်) တို့ယှဉ်ပြိုင်ကစားခဲ့ကြရာ နန်းအေးဗွေဟွမ်(ရှမ်း/တောင်ကြီးကလပ်)မှ လည်းကောင်း၊

အမျိုးသမီး (၅၄)ကီလိုတန်းပြိုင်ပွဲတွင် ထက်ထက်ခိုင်ဦး(ပြည်ထဲရေး)နှင့် ဆုမြတ်နိုး (PTC.ကလပ်) တို့ယှဉ်ပြိုင်ကစားခဲ့ကြရာ ထက်ထက်ခိုင်ဦး(ပြည်ထဲရေး)မှလည်းကောင်း၊

အမျိုးသမီး (၆၀)ကီလိုတန်းပြိုင်ပွဲတွင် ကေသွယ်ငြိမ်း(PTC.ကလပ်)နှင့် ကိမ်ရှင်းဒိတ်ဆာန် (မန္တလေးတိုင်း) တို့ယှဉ်ပြိုင်ကစားခဲ့ကြရာ ကေသွယ်ငြိမ်း(PTC.ကလပ်)မှလည်းကောင်း၊

အမျိုးသား (၄၈)ကီလိုတန်းပြိုင်ပွဲတွင် မင်းဇော်ထွန်း(ကာကွယ်ရေး)နှင့် မောင်ရှိန်း (ပြည်ထဲရေး) တို့ယှဉ်ပြိုင်ကစားခဲ့ကြရာ မောင်ရှိန်း(ပြည်ထဲရေး)မှလည်းကောင်း၊

အမျိုးသား (၅၁)ကီလိုတန်းပြိုင်ပွဲတွင် ပြည့်စုံ(တပ်မတော်-လေ)နှင့် လင်းထွဋ်ပိုင်(အား/ လူငယ်) တို့ယှဉ်ပြိုင်ကစားခဲ့ကြရာ လင်းထွဋ်ပိုင်(အား/လူငယ်)မှလည်းကောင်း၊

အမျိုးသား (၅၄)ကီလိုတန်းပြိုင်ပွဲတွင် ကျော်မင်းထွန်း(ပဲခူးတိုင်း)နှင့် ဇော်မြင့်မိုး(ပြည်ထဲရေး) တို့ယှဉ်ပြိုင်ကစားခဲ့ကြရာ ဇော်မြင့်မိုး(ပြည်ထဲရေး)မှလည်းကောင်း၊

အမျိုးသား (၅၇)ကီလိုတန်းပြိုင်ပွဲတွင် နိုင်လတ်(အား/လူငယ်)နှင့် ဂေမောင်း(မန္တလေးတိုင်း) တို့ယှဉ်ပြိုင်ကစားခဲ့ကြရာ နိုင်လတ်(အား/လူငယ်)မှလည်းကောင်း၊

အမျိုးသား (၆၀)ကီလိုတန်းပြိုင်ပွဲတွင် မင်းနိုင်ကျော်ဇင်(ပြည်ထဲရေး)နှင့် စောဘွယ်ကလို (ပြည်ထဲရေး) တို့ယှဉ်ပြိုင်ကစားခဲ့ကြရာ စောဘွယ်ကလို(ပြည်ထဲရေး)မှလည်းကောင်း၊

အမျိုးသား (၆၃.၅)ကီလိုတန်းပြိုင်ပွဲတွင် ကျော်မင်းဦး(ကာကွယ်ရေး)နှင့် သီဟဇော်(အား/ လူငယ်) တို့ယှဉ်ပြိုင်ကစားခဲ့ကြရာ ကျော်မင်းဦး(ကာကွယ်ရေး)မှလည်းကောင်း၊

အမျိုးသား (၆၇)ကီလိုတန်းပြိုင်ပွဲတွင် ဇွဲဝေလျှံဖြိုး(မန္တလေးတိုင်း)နှင့် သူရဖြိုး(Gold Camp) တို့ယှဉ်ပြိုင်ကစားခဲ့ကြရာ ဇွဲဝေလျှံဖြိုး(မန္တလေးတိုင်း)မှလည်းကောင်း၊

အမျိုးသား (၇၁)ကီလိုတန်းပြိုင်ပွဲတွင် ဝင်းမင်းထွန်း(ကာကွယ်ရေး)နှင့် အောင်သူ (မန္တလေးတိုင်း) တို့ယှဉ်ပြိုင်ကစားခဲ့ကြရာ အောင်သူ(မန္တလေးတိုင်း)မှလည်းကောင်း၊

အမျိုးသား (၇၅)ကီလိုတန်းပြိုင်ပွဲတွင် သုတ(မန္တလေးတိုင်း)နှင့် ရဲဝင်းနိုင်(ကာကွယ်ရေး) တို့ယှဉ်ပြိုင်ကစားခဲ့ကြရာ သုတ(မန္တလေးတိုင်း)မှလည်းကောင်း၊

အမျိုးသား (၈၀)ကီလိုတန်းပြိုင်ပွဲတွင် အောင်ဆွေမွန်(ပြည်ထဲရေး)နှင့် အောင်ပြည့်ဖြိုး (ကာကွယ်ရေး) တို့ယှဉ်ပြိုင်ကစားခဲ့ကြရာ အောင်ဆွေမွန်(ပြည်ထဲရေး)မှလည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ကြပါသည်။

ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသမီး (၄၈)ကီလိုနှင့် (၅၀)ကီလိုတန်းပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယဆု ရရှိခဲ့ကြသူ များကို မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်စိုးမှလည်းကောင်း၊ အမျိုးသမီး (၅၂)ကီလို၊ (၅၄)ကီလိုနှင့် (၆၀)ကီလိုတန်းပြိုင်ပွဲတို့တွင် ပထမနှင့် ဒုတိယဆုရရှိခဲ့ကြသူများကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှလည်းကောင်း၊ အမျိုးသား (၄၈)ကီလိုနှင့် (၅၁)ကီလိုတန်းပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယဆုရရှိခဲ့ကြသူများကို အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှလည်းကောင်း၊ အမျိုးသား (၅၄)ကီလို၊ (၅၇)ကီလို၊ (၆၀)ကီလိုတန်းပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယဆု ရရှိခဲ့ကြသူများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းမှ လည်းကောင်း၊ အမျိုးသား (၆၃.၅)ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယ ဆုရရှိခဲ့ကြသူများကို မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုအောင်မှ လည်းကောင်း၊ အမျိုးသား (၆၇)ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယဆု ရရှိခဲ့ကြသူများကို မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးသန်းဝင်းမှလည်းကောင်း၊ အမျိုးသား (၇၁)ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယဆုရရှိခဲ့ကြသူများကို အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးမှလည်းကောင်း၊ အမျိုးသား (၇၅)ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယဆုရရှိခဲ့ကြသူများကို အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှလည်းကောင်း၊ အမျိုးသား (၈၀)ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယဆုရရှိခဲ့ကြသူများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်းမှလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများအား အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

ဆက်လက်၍ အမျိုးသမီး အကောင်းဆုံးအားကစားသမားဆုရရှိခဲ့သော အေးငြိမ်းထူး (အား/လူငယ်)အား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှလည်းကောင်း၊ အမျိုးသားအကောင်းဆုံးအားကစားသမားဆုရရှိခဲ့သော စောဘွယ်ကလို (ပြည်ထဲရေး)အား မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်ကျော်စိုးမှလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၁)သိန်းစီအား အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိပါသည်။