အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ ခုနှစ်၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား၊ အမျိုးသားတံခွန်စိုက်လက်ဝှေ့ပြိုင်ပွဲများ ဆက်လက်ကျင်းပ

နေပြည်တော်၊ ဩဂုတ်(၂၇)ရက်။

လူငယ်/လူရွယ်များ လက်ဝှေ့အားကစားနည်းကို ပိုမိုစိတ်ပါဝင်စားလာစေပြီး လက်ဝှေ့အားကစားနည်း ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် စိတ်ဓာတ်၊စွမ်းရည်၊သတ္တိနှင့်ပြည့်စုံ၍ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သော နိုင်ငံ့ကိုယ်စားပြု သွေးသစ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်တို့ ကြီးမှူးကျင်းပသည့် “ ၂၀၂၂ ခုနှစ်၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား၊ အမျိုးသားတံခွန်စိုက် လက်ဝှေ့ ပြိုင်ပွဲ” ကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လက်ဝှေ့အားကစားရုံ၌ ဆက်လက်ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားမှူးချုပ် ဦးကျော်ဆန်းဦး၊ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်မှတာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ယနေ့ပြိုင်ပွဲပွဲစဉ်များအဖြစ် အမျိုးသား(၄၈)ကီလိုတန်းပြိုင်ပွဲတွင် မင်းဇော်ထွန်း (ကာကွယ်ရေး)နှင့် ရန်ပိုင်(ရှမ်း/တောင်ကြီးကလပ်)တို့ ယှဉ်ပြိုင်ကစားကြရာ မင်းဇော်ထွန်း (ကာကွယ်ရေး)မှလည်းကောင်း၊ မောင်ရှိန်း(ပြည်ထဲရေး)နှင့် ဖြိုးကိုကို (ကာကွယ်ရေး)တို့ ယှဉ်ပြိုင်ကစားကြရာ မောင်ရှိန်း(ပြည်ထဲရေး)မှလည်းကောင်း၊ အမျိုးသား(၅၇)ကီလိုတန်းပြိုင်ပွဲတွင် နိုင်လတ် (အား/လူငယ်)နှင့် လမင်းကိုကို (ပြည်ထဲရေး)တို့ ယှဉ်ပြိုင်ကစားကြရာ နိုင်လတ် (အား/လူငယ်) မှလည်းကောင်း၊ ဂေမောင်း (မန္တလေးတိုင်း)နှင့် သူရ (ပြည်ထဲရေး) တို့ယှဉ်ပြိုင်ကစားကြရာ ဂေမောင်း (မန္တလေးတိုင်း)မှလည်းကောင်း၊အမျိုးသား(၆၀)ကီလိုတန်းပြိုင်ပွဲတွင် မင်းနိုင်ကျော်ဇော်(ပြည်ထဲရေး)နှင့် သန့်ဇင်ဦး(ပဲခူးတိုင်း)တို့ယှဉ်ပြိုင်ကစားကြရာ မင်းနိုင်ကျော်ဇော် (ပြည်ထဲရေး)မှလည်းကောင်း၊ စောဘွဲကလို (ပြည်ထဲရေး)နှင့် ကျော်ထက်(မြို့တော်စည်ပင်)တို့ ယှဉ်ပြိုင်ကစားကြရာ စောဘွဲကလို(ပြည်ထဲရေး) မှလည်းကောင်း၊ အမျိုးသား(၆၃.၅)ကီလိုတန်းပြိုင်ပွဲတွင် ကျော်မင်းဦး(ကာကွယ်ရေး)နှင့် မျိုးဝင်း(ပြည်ထဲရေး)တို့ ယှဉ်ပြိုင်ကစားကြရာ ကျော်မင်းဦး(ကာကွယ်ရေး)မှလည်းကောင်း၊ သီဟဇော်(အား/လူငယ်)နှင့် အောင်စိုးမိုး (မန္တလေးတိုင်း)တို့ ယှဉ်ပြိုင်ကစားကြရာ သီဟဇော်(အား/လူငယ်)မှလည်းကောင်း၊ အမျိုးသား(၆၇)ကီလိုတန်းပြိုင်ပွဲတွင် ဇွဲဝေလျှံဖြိုး(မန္တလေးတိုင်း)နှင့် အောင်ကိုကို (ပြည်ထဲရေး)တို့ ယှဉ်ပြိုင်ကစားကြရာ ဇွဲဝေလျှံဖြိုး(မန္တလေးတိုင်း) မှလည်းကောင်း၊ သူရဖြိုး(Gold Camp)နှင့် မျိုးကျော်သူ(ကာကွယ်ရေး)တို့ ယှဉ်ပြိုင်ကစားကြရာ သူရဖြိုး(Gold Camp)မှ လည်းကောင်း၊ အမျိုးသား(၇၁)ကီလိုတန်းပြိုင်ပွဲတွင် ဝင်းမင်းထွန်း(ကာကွယ်ရေး)နှင့် ကျင့်ဇခန့် (မန္တလေးတိုင်း)တို့ ယှဉ်ပြိုင်ကစားကြရာ ဝင်းမင်းထွန်း(ကာကွယ်ရေး)မှလည်းကောင်း၊ အောင်သူ (မန္တလေးတိုင်း)နှင့် စတီးရှု(ရှမ်း/တောင်ကြီးကလပ်) တို့ ယှဉ်ပြိုင်ကစားကြရာ အောင်သူ(မန္တလေးတိုင်း)မှလည်းကောင်း၊ အမျိုးသား(၇၅)ကီလိုတန်းပြိုင်ပွဲတွင် သုတ (မန္တလေးတိုင်း)နှင့် သက်ကျော်ထွေး (ပဲခူးတိုင်း)တို့ ယှဉ်ပြိုင်ကစားကြရာ သုတ(မန္တလေးတိုင်း)မှလည်းကောင်း၊ ရဲဝင်းနိုင် (ကာကွယ်ရေး)နှင့် ရဲဝင်းအောင်(ကာကွယ်ရေး)တို့ယှဉ်ပြိုင်ကစားကြရာ ရဲဝင်းနိုင် (ကာကွယ်ရေး)မှလည်းကောင်း၊အမျိုးသား(၈၀)ကီလိုတန်းပြိုင်ပွဲတွင် အောင်ဆွေမွန်(ပြည်ထဲရေး)နှင့် ဇော်ထိုက်ဦး (တပ်မတော်လေ)တို့ ယှဉ်ပြိုင်ကစားကြရာ အောင်ဆွေမွန် (ပြည်ထဲရေး)မှလည်းကောင်း၊ အောင်ပြည့်ဖြိုး(ကာကွယ်ရေး)နှင့် မိုးဇော်ထက် (ကာကွယ်ရေး)တို့ယှဉ်ပြိုင်ကစားကြရာ အောင်ပြည့်ဖြိုး(ကာကွယ်ရေး)မှလည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြပါသည်။

၂၀၂၂ ခုနှစ်၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား၊ အမျိုးသားတံခွန်စိုက်လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို (၂၈.၈.၂၀၂၂)ရက်နေ့၊ ညနေ(၃:၀၀)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လက်ဝှေ့အားကစားရုံ၌ ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။