အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော်၊ ဇွန်(၁)။

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ပြီး ဒေသအသီးသီးရှိ တိုင်းရင်းသားအချင်းချင်း ချစ်ကြည် ရင်းနှီးမှုရရှိပြီး မျိုးဆက်သစ် ရွက်ပုန်းသီး အားကစားသမားများပေါ်ထွက်လာစေရန်၊ လူငယ်/ လူရွယ်များ လက်ဝှေ့အားကစားနည်းကို ပိုမိုစိတ်ပါဝင်စားလာစေပြီး လက်ဝှေ့အားကစားနည်း ဖွံ့ဖြိုး တိုးတက်လာစေရန်နှင့် စိတ်ဓာတ်၊ စွမ်းရည်၊ သတ္တိနှင့် ပြည့်စုံ၍ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက် သော နိုင်ငံ့ကိုယ်စားပြု သွေးသစ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ “ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲ” ပွဲစဉ်များကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ လက်ဝှေ့အားက စားရုံ၌ ဆက်လက်ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား (၄၆)ကီလိုတန်းပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီး အသင်းမှ ကောင်းဆက်နိုင်နှင့် ရခိုင်ပြည်နယ်အသင်းမှ ဇော်လူလွင်၊ မန္တလေးတိုင်းဒေသကြီးအသင်းမှ နိုင်ယောဟန်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ တင်အောင်လင်း၊ ကရင်ပြည်နယ်အသင်းမှ စိုးမိုးအောင်နှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းမှ အောင်မျိုးသူ၊ ပဲခူးတိုင်းဒေသကြီးအသင်းမှ တင်အောင်ထူးနှင့် မွန်ပြည်နယ်အသင်းမှ အောင်ပြည့်မိုး၊ အမျိုးသား (၄၉)ကီလိုတန်းပြိုင်ပွဲတွင် ကရင်ပြည်နယ်အသင်းမှ စောအောင်မျိုးထွန်းနှင့် ကချင်ပြည်နယ်အသင်းမှ ဘောင်ဆောင်၊ ရှမ်းပြည်နယ်အသင်းမှ စိုင်းသူနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းမှ သွင်ထူးအောင်၊ နေပြည်တော် အသင်းမှ ဟိန်းထက်ဇော်နှင့် မန္တလေးတိုင်းဒေသကြီးအသင်းမှ ဝိုင်းချစ်၊ ရန်ကုန်တိုင်းဒေသကြီး အသင်းမှ စောဆန်းသူအောင်နှင့် ပဲခူးတိုင်းဒေသကြီးအသင်းမှ အောင်သူဟိန်း၊ အမျိုးသား (၅၆) ကီလိုတန်းပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီးအသင်းမှ သူရဌေးနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ သူရ၊ ပဲခူးတိုင်းဒေသကြီးအသင်းမှ မင်းမော်သက်နှင့် မကွေးတိုင်းဒေသကြီးအသင်းမှ အေးချမ်းမင်း၊ မွန်ပြည်နယ်အသင်းမှ သိန်းဌေးနှင့် ကချင် ပြည်နယ် အသင်းမှ မော်လတ်အောင်၊ မန္တလေးတိုင်း ဒေသကြီးအသင်းမှ ဂေမောင်းနှင့် ရှမ်းပြည်နယ်အသင်းမှ ရှိုင်းငယ်၊ အမျိုးသား (၆၀)ကီလိုတန်း ပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီးအသင်းမှ ဝေဖြိုးအောင်နှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းမှ ရှိုင်းဇော်၊ ရခိုင်ပြည်နယ်အသင်းမှ ဝင်းနိုင်ထွန်းနှင့် ရှမ်းပြည်နယ်အသင်းမှ ရေမွန်ဒို၊ ကရင်ပြည်နယ် အသင်းမှ မင်းကျော်ဇနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ စောဘွယ်ကလို၊ မန္တလေးတိုင်းဒေသကြီး အသင်းမှ ထွန်းလင်းနှင့် နေပြည်တော်အသင်းမှ မင်းသွင်ဖြိုး၊ အမျိုးသား (၆၄)ကီလိုတန်းပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးအသင်းမှ ရဲမြင့်ထွန်းနှင့် ရခိုင်ပြည်နယ်အသင်းမှ ကျော်ကျော်ခန့်၊ မကွေးတိုင်း ဒေသကြီးအသင်းမှ ရဲရင့်ထွန်းနှင့် နေပြည်တော်အသင်းမှ ဇွဲဝေယံဖြိုး၊ မန္တလေးတိုင်းဒေသကြီး အသင်းမှ အောင်စိုးမိုးနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ထွန်းထွန်းဝင်း၊ ဧရာဝတီတိုင်းဒေသကြီး အသင်းမှ ဟေမာန်နှင့် ကရင် ပြည်နယ်အသင်းမှ စောထွန်းဝင်းအောင်၊ အမျိုးသမီး (၆၀)ကီလိုတန်း ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအသင်းမှ ဇူးလဲ့နန္ဒာထွန်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်းမှ သဇင်ဦး၊ ရှမ်းပြည်နယ်အသင်းမှ မူစိန်မြနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းမှ အေး အေးမြတ်၊ ကရင်ပြည်နယ်အသင်းမှ နန်းသဲအိစံနှင့် မွန်ပြည်နယ်အသင်းမှ နှင်းသီရိစံ၊ နေပြည်တော်အသင်းမှ နန်းနွံနွေးနှင့် ရခိုင်ပြည်နယ်အသင်းမှ သက်စုအေးတို့မှလည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားခဲ့ကြပြီး ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲအား မေလ(၃၀)ရက်နေ့မှ ဇွန်လ(၆)ရက်နေ့အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လက်ဝှေ့အားကစားရုံ၌ ဆက်လက် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။