အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

တောင်ကြီး၊ဇူလိုင်(၁)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ဘော်လီဘော အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ တိုင်းရင်းသားများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုပိုမိုရရှိစေရေး၊ မျိုးဆက်သစ်ရွက်ပုန်းသီး ဘော်လီဘော အားကစားသမားများ ပေါ်ထွက်လာစေရေးတို့ကို ရည်ရွယ်ပြီး ကျင်းပပြုလုပ်သော၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ရှမ်းပြည်နယ် တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ပြည်နယ်လေ့ကျင့်ရေးအားကစားခန်းရုံ၌ ၃၀.၆.၂၀၂၂ ရက်နေ့ မွန်းလွဲ (၁၃:၀၀)နာရီအချိန်တွင် ကျင်းပရာ အမျိုးသမီးဗိုလ်လုပွဲ ပွဲစဥ်အဖြစ် ကချင်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဥ်ပြိုင်ကစားရာတွင် ကချင်ပြည်နယ်အသင်းမှ ရန်ကုန်တိုင်းဒေသကြီးအသင်းကို ၁၈:၂၅ မှတ်၊ ၂၅:၁၂ မှတ်၊ ၂၅:၁၇ မှတ်၊ ၂၅:၁၉ မှတ်ဖြင့် (၃)ပွဲ (၁)ပွဲ ဖြင့်လည်းကောင်း၊ ညနေ ( ၁၄:၃၀ )နာရီအချိန်တွင် အမျိုးသားဗိုလ်လုပွဲ ပွဲစဥ်အဖြစ် ရှမ်းပြည်နယ်အသင်းနှင့် ကယား ပြည်နယ်အသင်းတို့ ယှဥ်ပြိုင်ကစားရာတွင် ရှမ်းပြည်နယ်အသင်းမှ ကယားပြည်နယ်အသင်းကို ၂၅:၁၈ မှတ်၊ ၂၅:၂၁ မှတ်၊ ၂၅:၂၃ မှတ်ဖြင့်(၃)ပွဲ (၀)ပွဲဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိကြပါသည်။

အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူး၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး နှင့် ဒုတိယညွှန်ကြားရေးမှူး၊ အားကစားနှင့်ကာယပညာသိပ္ပံ( တောင်ကြီး)မှ ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ၊ ပြိုင်ပွဲတွင် ဆုရရှိသည့် အားကစားသမားများ၊ နည်းပြအုပ်ချုပ်သူများ၊ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

ဆက်လက်၍ ဆုချီးမြှင့်ခြင်းအခမ်းအနားကိုပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများက အမျိုးသား ပထမဆုရရှိသည့် ရှမ်းပြည်နယ်အသင်း၊ ဒုတိယဆုရရှိသည့် ကယားပြည်နယ်အသင်း၊ ပူးတွဲတတိယဆုရရှိကြသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့အားလည်းကောင်း၊ ဆက်လက်ပြီး အမျိုးသမီးပထမဆုရရှိသည့် ကချင်ပြည်နယ်အသင်း၊ ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ပူးတွဲတတိယဆုရရှိကြသည့် တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် ကယားပြည်နယ်အသင်းတို့အားလည်းကောင်း၊ ပြိုင်ပွဲတွင် စပေး/ ပင့်ထောင်/ ရိုက်ခုတ်/ ဆယ်မ/ ပိတ်ဆို့ ဆုများရရှိခဲ့ကြသော အားကစားသမားများနှင့် ပြိုင်ပွဲတွင်ပွဲစဥ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုရရှိသည့် အားကစားသမားများအား ဂုဏ်ပြုဆုဖလားနှင့် ဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပထမတံခွန်စိုက်ဆုဖလားရရှိသွားသော အမျိုးသားအသင်းနှင့် အမျိုးသမီးအသင်းတို့အား ဂုဏ်ပြုချီးမြှင့်ငွေ ၁၀ သိန်းစီ ထပ်မံချီးမြှင့်ပေးအပ်ခဲ့ကာ အမှတ်တရမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခြင်းတို့အား ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။