အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နေပြည်တော်၊ ဇွန်(၂၆)ရက်။

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)၌ နံနက် (၈)နာရီအချိန်မှစတင်၍ အမျိုးသား (-၄၆) ကီလို၊ (၅၀-၅၄) ကီလို၊ (၆၃-၆၈ )ကီလို၊ (၆၈-၇၄) ကီလို၊ (၇၄-၈၀) ကီလို၊ အမျိုးသမီး (၄၆-၄၉) ကီလို၊ (၄၉-၅၃)ကီလို၊ (-၄၀) ကီလို၊ (+၇၃)ကီလို၊ (၆၇-၇၃)ကီလို၊ တစ်ဦးချင်းကကွက်ပြိုင်ပွဲ (အမျိုးသား)၊ တစ်ဦးချင်းကကွက်ပြိုင်ပွဲ (အမျိုးသမီး) ပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။

ကကွက်အတွဲလိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယဆု ရရှိသွားသော မန္တလေးတိုင်းဒေသကြီးအသင်း၊ တတိယဆုရရှိသွားသော မွန်ပြည်နယ်အသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့အား ရန်ကုန်တိုင်းဒေသကြီးအသင်းအုပ်ချုပ်သူမှလည်းကောင်း၊ အမျိုးသား (၅၈-၆၃)ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသွားသော အောင်သက်နိုင် (ဧရာဝတီ)၊ ဒုတိယ ဆုရရှိသွားသော စိုင်းညီငယ်ဝင်း (ရန်ကုန်)၊ တတိယဆုရရှိသွားသော ထက်မြတ်နိုင် (ရှမ်း)နှင့် ဝေလင်းထွန်း (ကချင်)တို့အား ကချင်ပြည်နယ်အသင်းအုပ်ချုပ်သူမှလည်းကောင်း၊ အမျိုးသမီး (၄၃-၆၈) ကီလိုတန်း ပြိုင်ပွဲတွင် ပထမဆုရရှိသွားသော မြယွန်းပုံ (ပဲခူး)၊ ဒုတိယဆုရရှိသွားသော ထွေးထွေးမာ (မကွေး)၊ တတိယဆုရရှိသွားသော နန်းအေး ချမ်းမြင့် (ရှမ်း)နှင့် ဝဿန်မိုး (ရန်ကုန်)တို့အား ပဲခူးတိုင်းဒေသကြီးအသင်းအုပ်ချုပ်သူမှလည်းကောင်း၊ အမျိုးသမီး (၅၃-၅၇) ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသွားသော မိုးမြင့်မြတ် (ကယား)၊ ဒုတိယဆုရရှိသွားသော ဇူလိုင်မို့မို့ကျော် (စစ်ကိုင်း)၊ တတိယဆုရရှိသွားသော ဖူးပွင့်စံ (ရှမ်း)နှင့် ယုဇနကျော် (ကချင်)တို့အား ကယားပြည်နယ်အသင်း အုပ်ချုပ်သူမှလည်းကောင်း၊ အမျိုးသမီး (၅၇-၆၂)ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသွားသော အိဖူးစံ (ရခိုင်)၊ ဒုတိယဆုရရှိသွားသော အေးငြိမ်းသူ (ရှမ်း)၊ တတိယဆုရရှိသွားသော ရွှေရည်ထွန်း (ဧရာဝတီ) နှင့်  အိသန္တာမျိုးမြတ် (ရန်ကုန်)တို့အား ရခိုင်ပြည်နယ်အသင်းအုပ်ချုပ်သူမှလည်းကောင်း၊ အမျိုးသမီး (၆၂-၆၇) ကီလိုတန်း ပြိုင်ပွဲတွင် ပထမဆုရရှိသွားသော နန်းမြတ်သူ (ဧရာဝတီ)၊ ဒုတိယဆုရရှိသွားသော နေလင်းမေ (ရှမ်း)၊ တတိယဆုရရှိသွားသော စုလဲ့နန္ဒာ (မန္တလေး)နှင့် စုသစ္စာအောင် (ရန်ကုန်)တို့အား မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ အပြည်ပြည်ဆိုင်ရာဒိုင်လူကြီး ဦးသက်ရှိန်မှလည်းကောင်း၊ အမျိုးသား (၈၀-၈၇) ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသွားသော မင်းသန့်ကျော် (ပဲခူး)၊ ဒုတိယဆုရရှိသွားသော အောင်ထွဋ်မြတ်ဦး (ကချင်)၊ တတိယဆုရရှိသွားသော ထက်အာကာထွန်း (ရန်ကုန်)နှင့် အောင်ကောင်းမြတ် (ဧရာဝတီ)တို့အား မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ အပြည်ပြည်ဆိုင်ရာ ဒိုင် လူကြီး ဦးအောင်နိုင်မှလည်းကောင်း၊ အမျိုးသား(+၈၇)ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသွားသော အောင်မြင့်မြတ်(ရန်ကုန်) ၊ ဒုတိယဆုရရှိသွားသော အာကာသင်း (မန္တလေး)၊ တတိယဆုရရှိသွားသော ပြည့်စုံဖြိုး (ကချင်)နှင့် လင်းသူရ (နေပြည် တော်) တို့အား မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ ဒိုင်ချုပ် ဦးအောင်ညီညီကျော်မှလည်းကောင်း၊ (အမျိုးသား) ကကွက်တစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုရရှိသွား သော ကောင်းဇင်ခန့် (ရန်ကုန်)၊ ဒုတိယဆုရရှိသွားသော ဘုန်းသစ်ကျော် (ပဲခူး)၊ တတိယဆုရရှိသွား သော ဟိန်းယံထွန်း (ရှမ်း)နှင့် စောလုကာကျော် (မန္တလေး)၊ (အမျိုးသမီး) ကကွက်တစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုရရှိသွားသော လင်းလတ်အောင် (ရန်ကုန်)၊ ဒုတိယဆုရရှိသွားသော သန္တာဦး (မွန်)၊ တတိယဆု ရရှိသွားသော နန်းမြတ်သူ (ဧရာ ဝတီ)နှင့် အေးမြတ်သူဇာ (ကယား)တို့အား မြန်မာနိုင်ငံတိုက်ကွမ်ဒို အဖွဲ့ချုပ်/နည်းပြချုပ် ဦးကျော်သန်းဦးမှလည်းကောင်း ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

(၁၇.၆.၂၀၂၂)ရက်နေ့ ပြိုင်ပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)၌ နံနက် (၈)နာရီအချိန်မှစတင်၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ တိုက်ကွမ်ဒိုအားကစားနည်းကို စိတ်ပါ ဝင်စားသော မိဘပြည်သူများအနေဖြင့် အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သတင်းရရှိ ပါသည်။