အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

“ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲ” (၂.၆.၂၀၂၂) ရက်နေ့ပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော်၊ ဇွန်(၂)ရက်။

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ပြီး ဒေသအသီးသီးရှိ တိုင်းရင်းသားအချင်းချင်း ချစ်ကြည် ရင်းနှီးမှုရရှိပြီး မျိုးဆက်သစ် ရွက်ပုန်းသီး အားကစားသမားများပေါ်ထွက်လာစေရန်၊ လူငယ်/ လူရွယ်များ လက်ဝှေ့အားကစားနည်းကို ပိုမိုစိတ်ပါဝင်စားလာစေပြီး လက်ဝှေ့အားကစားနည်း ဖွံ့ဖြိုး တိုးတက်လာစေရန်နှင့် စိတ်ဓာတ်၊ စွမ်းရည်၊ သတ္တိနှင့် ပြည့်စုံ၍ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက် သော နိုင်ငံ့ကိုယ်စားပြု သွေးသစ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ “ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲ” ပွဲစဉ်များကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ လက်ဝှေ့အားက စားရုံ၌ ဆက်လက်ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ စီမံကိန်းနှင့်သုတေသနဌာနခွဲ ညွှန်ကြားရေးမှူး ဦးရဲလွင်၊ မြန်မာ နိုင်ငံလက်ဝှေ့အဖွဲ့ချုပ်အတွင်းရေးမှူး ဦးကိုကိုအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြပါသည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား (၅၂)ကီလိုတန်းပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ လမင်းကိုကိုနှင့် ဧရာဝတီတိုင်းဒေသကြီးမှ ပြည့်စုံရှိုင်း၊ မွန်ပြည်နယ်အသင်းမှ နေရှိုင်းထက်အောင်နှင့် ရှမ်းပြည်နယ်အသင်းမှ ဖြိုးဝေထွန်း၊ ကရင်ပြည်နယ်အသင်းမှ အေးကိုဇင်နှင့် ပဲခူးတိုင်းဒေသကြီး အသင်းမှ ကျော်မင်းထွန်း၊ မကွေးတိုင်းဒေသကြီးအသင်းမှ ဘိုဘိုနှင့် စစ်ကိုင်း တိုင်းဒေသကြီးအသင်းမှ ကိုကိုထွန်း၊ အမျိုးသား (၆၉)ကီလိုတန်းပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအသင်းမှ စတီးရှုနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ သူရဖြိုး၊ မန္တလေးတိုင်းဒေသကြီးအသင်းမှ ကျော်စွာထွန်းနှင့် မကွေးတိုင်းဒေသကြီးအသင်းမှ သီဟဇော်၊ မွန်ပြည်နယ်အသင်းမှ စောမျိုးသက်ပိုင်နှင့် ကရင်ပြည်နယ်အသင်းမှ သက်ဝေ၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ဝင်းမင်းထွန်းနှင့် ပဲခူးတိုင်း ဒေသကြီးအသင်းမှ အောင်အောင်လွင်၊ အမျိုးသား (၇၅)ကီလိုတန်းပြိုင်ပွဲတွင် ဧရာဝတီတိုင်း ဒေသကြီးအသင်းမှ ဟိန်းထက်အောင်နှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ မင်းခန့်ဟိန်း၊ မကွေးတိုင်း ဒေသကြီးအသင်းမှ လှိုင်ဝင်းအောင်နှင့် ကရင်ပြည်နယ်အသင်းမှ စောဂလယ်ထွန့်၊ ပဲခူးတိုင်းဒေသကြီး အသင်းမှ သက်ကျော်ထွေးနှင့် နေပြည်တော်အသင်းမှ ရဲလင်းခန့်၊ မန္တလေးတိုင်းဒေသကြီးအသင်းမှ အောင်သူနှင့် ရှမ်းပြည်နယ်အသင်းမှ စိုင်းခေးလျှမ်း၊ အမျိုးသမီး (၄၅) ကီလိုတန်းပြိုင်ပွဲတွင် နေပြည်တော်အသင်းမှ ဆန်းသူဇာထွေးနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ဖြိုးဖြိုးခိုင်၊ မန္တလေးတိုင်းဒေသကြီးအသင်းမှ ထန်နွမ်းကိမ်နှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းမှ မိုးမိုးဌေး၊ ရခိုင်ပြည်နယ် အသင်းမှ ထက်ထက်ဝေနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ နန်းငယ်ငယ်ထူး၊ ပဲခူးတိုင်းဒေသကြီး အသင်းမှ မင်းမေယံကျော်နှင့် တနင်္သာရီတိုင်းဒေသကြီးမှ မြင့်ရတနာစံ၊ အမျိုးသမီး (၄၈)ကီလိုတန်း ပြိုင်ပွဲတွင် မွန်ပြည်နယ်အသင်းမှ ကော့မိုင်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ပန်းအိဖြူ၊ ရခိုင်ပြည်နယ်အသင်းမှ မြတ်ကေခိုင်နှင့် ကရင်ပြည်နယ်အသင်းမှ နော်သောနေထူး၊ ရန်ကုန်တိုင်း ဒေသကြီးအသင်းမှ မေသဇင်ထူးနှင့် မန္တလေးတိုင်းဒေသကြီးအသင်းမှ ကေဇင်မိုး၊ မကွေးတိုင်း ဒေသကြီးအသင်းမှ သင်းသင်းခိုင်နှင့် နေပြည်တော်အသင်းမှ အိမ့်မြတ်သော်၊ အမျိုးသမီး (၅၇)ကီလို တန်းပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ သော်တာခိုင်နှင့် မကွေးတိုင်းဒေသကြီးအသင်းမှ ကျော့ကေခိုင်၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ပြည့်ပြည့်ဝင်းနှင့် ကရင်ပြည်နယ်အသင်းမှ နန်းပပဝင်းခင်၊ ဧရာဝတီတိုင်းဒေသကြီးအသင်းမှ ရူပစံနှင့် နေပြည်တော်အသင်းမှ မေမြတ်မွန်လွင်၊ မွန်ပြည်နယ်အသင်းမှ အိအိစံနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းမှ ထက်ထက်ဝင်းတို့မှ လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားခဲ့ကြပြီး ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲအား မေလ(၃၀)ရက်နေ့မှ ဇွန်လ(၆)ရက်နေ့အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ လက်ဝှေ့အားကစားရုံ၌ ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။