အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော်၊ မေ(၃၁)ရက်။

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ပြီး ဒေသအသီးသီးရှိ တိုင်းရင်းသားအချင်းချင်း ချစ်ကြည် ရင်းနှီးမှုရရှိပြီး မျိုးဆက်သစ် ရွက်ပုန်းသီး အားကစားသမားများပေါ်ထွက်လာစေရန်၊ လူငယ်/ လူရွယ်များ လက်ဝှေ့အားကစားနည်းကို ပိုမိုစိတ်ပါဝင်စားလာစေပြီး လက်ဝှေ့အားကစားနည်း ဖွံ့ဖြိုး တိုးတက်လာစေရန်နှင့် စိတ်ဓာတ်၊ စွမ်းရည်၊ သတ္တိနှင့် ပြည့်စုံ၍ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက် သော နိုင်ငံ့ကိုယ်စားပြု သွေးသစ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ “ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲ” ပွဲစဉ်များကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ လက်ဝှေ့အားက စားရုံ၌ ဆက်လက်ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား (၅၂)ကီလိုတန်းပြိုင်ပွဲတွင် ရှမ်းပြည်နယ်အသင်းမှ ဖြိုးဝေထွန်းနှင့် နေပြည်တော်အသင်းမှ ကျော်မျိုးထက်၊ ကရင်ပြည်နယ်အသင်းမှ အေးကိုဇင်နှင့် ရခိုင် ပြည်နယ်အသင်းမှ ဝေကိုဇင်၊ ပဲခူးတိုင်းဒေသကြီးအသင်းမှ ကျော်မင်းထွန်းနှင့် မန္တလေးတိုင်း ဒေသကြီးအသင်းမှ အောင်နိုင်ဖြိုး၊ မကွေးတိုင်းဒေသကြီးအသင်းမှ ဘိုဘိုနှင့် ကချင်ပြည်နယ်အသင်းမှ ဟောင်းခါး၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ကိုကိုထွန်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းမှ အေးမင်း၊ အမျိုးသား (၆၉)ကီလိုတန်းပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ဝင်းမင်းထွန်းနှင့် ကချင်ပြည်နယ်အသင်းမှ ဇော်ဝင်းထက်၊ ပဲခူးတိုင်းဒေသကြီးအသင်းမှ အောင်အောင်လွင်နှင့် ရခိုင် ပြည်နယ်အသင်းမှ ကျော်သီဟ၊ အမျိုးသား (၇၅) ကီလိုတန်းပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီး အသင်းမှ အောင်သူနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ သုတ၊ ရှမ်းပြည်နယ်အသင်းမှ စိုင်းခေးလျှမ်း နှင့် မွန်ပြည်နယ်အသင်းမှ ရန်နိုင်အောင်၊ အမျိုးသား (၈၁)ကီလိုတန်းပြိုင်ပွဲတွင် စစ်ကိုင်းတိုင်း ဒေသကြီးအသင်းမှ အောင်ဇင်ထိုက်နှင့် မကွေးတိုင်းဒေသကြီးအသင်းမှ သဲမောင်မောင်၊ မန္တလေးတိုင်း ဒေသကြီးအသင်းမှ မင်းအိဏ်ကောင်းနှင့် နေပြည်တော်အသင်းမှ ရှင်းထက်အောင်၊ အမျိုးသမီး (၅၁)ကီလိုတန်းပြိုင်ပွဲတွင် ရှမ်းပြည်နယ်အသင်းမှ နန်းအေးဗွေဟွမ်နှင့် ရန်ကုန်တိုင်းဒေသကြီး အသင်းမှ လင်းလက်နေခြည်၊ မန္တလေးတိုင်းဒေသကြီးအသင်းမှ ဝင့်ရွှေစင်နှင့် ပဲခူး တိုင်းဒေသကြီး အသင်းမှ ခြူးပန်းနွယ်၊ မကွေးတိုင်းဒေသကြီးအသင်းမှ မိုးဆန်းထွေးနှင့် ကရင်ပြည်နယ်အသင်းမှ အေးသန္တာအောင်၊ ကချင်ပြည်နယ်အသင်းမှ လထော်မေရီဆိုင်းမိုင်နှင့် တနင်္သာရီတိုင်းဒေသကြီး အသင်းမှ သက်ဖူးငုံ၊ အမျိုးသမီး (၅၄) ကီလိုတန်းပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအသင်းမှ နိုင်ငြိမ်းပိုင်နှင့် ကရင်ပြည်နယ်အသင်းမှ နန်းရတနာအေး၊ ဧရာဝတီ တိုင်းဒေသကြီးအသင်းမှ နော်ထူးလော်အယ်နှင့် မကွေးတိုင်းဒေသကြီးအသင်းမှ အိချိုဇင်ထက်၊ ရှမ်းပြည်နယ်အသင်းမှ နန်းလောင်မွန်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းမှ ဆုမြတ်နိုး၊ ပဲခူးတိုင်းဒေသကြီးအသင်းမှ ဆုသက်ခိုင်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ နန်းစုနွယ်၊ အမျိုးသမီး (၅၇)ကီလိုတန်းပြိုင်ပွဲတွင် မွန်ပြည်နယ်အသင်းမှ အိအိစံနှင့် ပဲခူးတိုင်းဒေသကြီးအသင်းမှ စန်းစန်းဌေး၊ တနင်္သာရီတိုင်းဒေသကြီး အသင်းမှ ထက်ထက်ဝင်းနှင့် ရှမ်းပြည်နယ်အသင်းမှ မူဗွေဟွမ်တို့မှလည်း ကောင်း အသီးသီး ယှဉ်ပြိုင် ကစားခဲ့ကြပြီး ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲအား မေလ(၃၀)ရက်နေ့မှ ဇွန်လ(၆)ရက်နေ့အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လက်ဝှေ့အားကစားရုံ၌ ဆက်လက် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။